ဇူလိုင် - ၂၅ ( စနေနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ဒီလထဲ တူရကီမှာပြုလုပ်ခဲ့တဲ့ နေတိုး ထိပ်သီးအစည်းအဝေးကနေ အပြန်မှာ အီရန်က သူ့ကို လုပ်ကြံဖို့ ကြံစည်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် လေယာဉ်ကို ရုတ်တရက် ပြောင်းစီးခဲ့တယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေကို ကိုးကားပြီး နယူးယောက်တိုင်းမ် NYT သတင်းဌာန က သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။
NYT ရဲ့ ဖော်ပြချက်အရ ထရန့်ဟာ ကာတာနိုင်ငံက လှူဒါန်းထားပြီး ခံစစ်စနစ် မပြည့်စုံသေးတဲ့ ဘိုးအင်း ၇၄၇-၈ လေယာဉ်အသစ်အစား လေယာဉ်အဟောင်းဖြစ်တဲ့ အဲဖို့စ်ဝမ်း ကို စီးပြီး အန်ကာရာ မြို့ကနေ ထွက်ခွာခဲ့တာပါ။ အရာရှိတွေကတော့ သမ္မတရဲ့ အသက်အန္တရာယ်အတွက် "အီရန်ကျောထောက်နောက်ခံပြု အဖွဲ့အစည်းတွေ" ဆီကနေ စိတ်ချယုံကြည်ရတဲ့ ခြိမ်းခြောက်မှု ရှိနေတယ်လို့ ယူဆခဲ့ကြပါတယ်။
ဒီလို လေယာဉ်ပြောင်းစီးတာဟာ အီရန်က ထရန့်ကို ပစ်မှတ်ထားဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ အစ္စရေးဘက်က မျှဝေလိုက်တဲ့ ထောက်လှမ်းရေးသတင်းနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒါပေမဲ့ အမေရိကန်အရာရှိ အချို့ကတော့ အစ္စရေးဟာ ထရန့်ကို အီရန်အပေါ် တိုက်ခိုက်မှုတွေ ပိုပြီး အရှိန်မြှင့်လာအောင် ဆွပေးနေတာလို့ ယူဆကြကြောင်း NYT က ဖော်ပြထားပါတယ်။
ထရမ့်ကို အီရန်ရဲ့ သုတ်သင်ရှင်းလင်းရေး/လုပ်ကြံမယ့် စာရင်းမှာ ထည့်ထားတယ်လို့ ပြောဆိုခဲ့ပြီး၊ အကယ်၍ အီရန်ဘက်က သူ့ကို လုပ်ကြံဖို့ ကြိုးစားရင် အဲ့ဒီနိုင်ငံဆီ ဒုံးကျည်ပေါင်း ထောင်နဲ့ချီ ပစ်ခတ်သွားမယ်လို့ သတိပေးခဲ့ပါတယ်။
အီရန်ရဲ့ ခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီ ကတော့ ထရမ့်ရဲ့နာမည်ကို ထုတ်မပြောခဲ့ပေမဲ့ သူ့အဖေအတွက် လက်စားချေသွားမယ်လို့ ဒီလထဲမှာ ကတိပြုထားတာရှိပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment