အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈၄) သင်တန်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၈၄) သင်တန်းဆင်းပွဲကျင်းပ


နေပြည်တော်၊ ဇူလိုင် ၂၅

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၈၄) သင်တန်းဆင်းပွဲကို ယမန်နေ့က နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးထွန်းထွန်းဝင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်က အမှာစကားပြောကြားပြီး ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ကာ သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်သည်။

အဆိုပါသင်တန်းသို့ ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၉၃ ဦး၊ သင်တန်းသူ ၃၈၂ ဦး၊ စုစုပေါင်း ၄၇၅ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလရက်သတ္တ ငါးပတ်ကြာမြင့်ခဲ့သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် တက္ကသိုလ်တွင် အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ် (၁၅)၊ အရာထမ်းလောင်း (အထူး) သင်တန်းအမှတ်စဉ် (၁၆) နှင့် အရာထမ်းငယ်သင်တန်းအမှတ်စဉ် (၁၀၇) မှ သင်တန်းသား သင်တန်းသူများအား သင်ခန်းစာပို့ချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)