ဇူလိုင် - ၉ ( ကြာသပတေးနေ့ )
၂၀၂၆ နှောင်းပိုင်းကနေ ၂၀၂၇ အလယ်ပိုင်းအထိ ဖြစ်လာမယ့် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ထိုင်းဘတ် ၆၂ ဘီလီယံကျော် ဖိုးလောက်အထိ ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားကြတယ်။ အဓိကကတော့ ပြင်းထန်တဲ့ အပူဒဏ်နဲ့ မိုးခေါင်ရေရှားတာတွေကြောင့် ဖြစ်ရတာပါ။
ထိုင်းနိုင်ငံရဲ့ ရေလှောင်ပမာဏက တော်တော်လေး စိုးရိမ်ရတဲ့ အခြေအနေ ရောက်နေပါပြီ။ အလယ်ပိုင်းဒေသက ဆည်တွေထဲမှာ သုံးလို့ရတဲ့ ရေပမာဏဟာ စိုးရိမ်ရတဲ့အဆင့်ဖြစ်တဲ့ ၃၀% အောက်ကို ကျဆင်းသွားလို့ပါပဲ။ ဒါက အဲဒီရေကိုပဲ အဓိကအားကိုးပြီး စိုက်ပျိုးနေရတဲ့ စပါးစိုက်တောင်သူတွေကို တိုက်ရိုက်ကြီး ခြိမ်းခြောက်နေသလို ဖြစ်နေတယ်။
သီးနှံတွေထဲမှာ စပါးက အထိနာဆုံး ဖြစ်လိမ့်မယ်လို့ တွက်ထားကြတယ်။ စပါးအထွက်နှုန်း တန်ချိန် ၅.၄ သန်း လောက်အထိ လျော့ကျသွားနိုင်ခြေ ရှိပါတယ်။ ဒါက စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံးရဲ့ စုစုပေါင်း ဆုံးရှုံးမှု သုံးပုံနှစ်ပုံကျော်လောက်အထိ ရှိတာပါ။ စပါးပြီးရင်တော့ ကြံနဲ့ ပီလောပီနံ စိုက်ပျိုးတဲ့သူတွေလည်း အတော်လေး အထိနာဦးမှာပါ။
ဒီသက်ရောက်မှုက စိုက်ခင်းတွေတင်မကဘဲ အပြင်အထိပါ ကူးစက်လာမှာပါ။ ၂၀၂၆ ထဲမှာ တောင်သူတွေရဲ့ ဝင်ငွေ ၈% လောက် ကျဆင်းသွားနိုင်ခြေ ရှိတော့ မိသားစုတွေရဲ့ သုံးစွဲနိုင်စွမ်း အားနည်းသွားမယ်။ အဲဒီကတစ်ဆင့် ဆန်စက်တွေလိုမျိုး အစားအစာ ထုတ်လုပ်ရေး လုပ်ငန်းတွေအပေါ်မှာပါ ငွေကြေးပိုင်းဆိုင်ရာ ဖိအားတွေ ဖြစ်လာစေနိုင်ပါတယ်လို့ ခန့်မှန်းထားပါတယ်။
Ref: The Nation
#MNP #News



No comments:
Post a Comment