အဆင့်မြင့်ပညာကဏ္ဍ သင်ကြား၊ သင်ယူမှုစနစ် သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဆင့်မြင့်ပညာကဏ္ဍ သင်ကြား၊ သင်ယူမှုစနစ် သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ


နေပြည်တော်၊ ဇူလိုင် ၁၆

အဆင့်မြင့်ပညာကဏ္ဍ သင်ကြား၊ သင်ယူမှုစနစ် သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့က Naypyitaw State Academy ပင်မဆောင်ရှိ ဘက်စုံသုံးခန်းမ၌ ဆက်လက်ကျင်းပသည်။

ဦးစွာ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ဆွေးနွေးပွဲရလဒ်များကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းမြတ် အောင်က “အဝေးသင်ပညာရေးစနစ်” ဆွေးနွေးပွဲရလဒ်ကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာပြည်စိုးသိမ်းက “ဒီဂျစ်တယ်ပညာရေးစနစ်” ဆွေးနွေးပွဲရလဒ်ကိုလည်းကောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာကြည်ရွှင်က “အရည်အသွေးအာမခံမှုစနစ်” ဆွေးနွေးပွဲရလဒ်ကိုလည်းကောင်း၊ ဆရာအတတ်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်‌ ဒေါက်တာ အေးဖြူဇင်က “ဆရာအတတ် ပညာအရည်အသွေးတိုးတက်စေရေး” ဆွေးနွေးပွဲရလဒ်ကိုလည်း ကောင်းရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာ ချောချောစိန်က အလုပ်ရုံဆွေးနွေးပွဲရလဒ်များပေါ် အခြေပြု၍ ကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဖြည့်စွက်မှာကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)