ပြည်သူ့ဝန်ထမ်းဟန်ဆောင်၍ ခြောက်လှန့်ကာ စက်သုံးဆီအရောင်းဆိုင် (၃) ဆိုင်မှ ငွေကြေးများ တောင်းခံရယူခဲ့သူအား ဟိုင်းကြီးကျွန်းမြို့နယ်မြေရဲစခန်း၌ အမှုဖွင့်စစ်ဆေးနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူ့ဝန်ထမ်းဟန်ဆောင်၍ ခြောက်လှန့်ကာ စက်သုံးဆီအရောင်းဆိုင် (၃) ဆိုင်မှ ငွေကြေးများ တောင်းခံရယူခဲ့သူအား ဟိုင်းကြီးကျွန်းမြို့နယ်မြေရဲစခန်း၌ အမှုဖွင့်စစ်ဆေးနေ


ငပုတော၊ ဇူလိုင် ၈

ပြည်သူ့ဝန်ထမ်းဟန်ဆောင်၍ ခြောက်လှန့်ကာ စက်သုံးဆီအရောင်းဆိုင် (၃)ဆိုင်မှ ငွေကြေးများ တောင်းခံ ရယူခဲ့သည့် ဖြစ်စဉ်တစ်ခုသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၌ ဇူလိုင်လ(၇)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ(၇) ရက်နေ့၊ ၁၀း၃၀နာရီအချိန်က ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ခမောက်မော်ရွာနေ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များဖြစ်သည့်  ဒေါ်အေးအေးတင်၊ ဒေါ်သန်းသန်းစိုး၊ ဦးမြတ်ထွန်းသစ်တို့က ဖုန်းဖြင့်ဆက်သွယ်၍ ၎င်းတို့(၃)ဦး၏ အရောင်းဆိုင်များသို့ ဟိုင်းကြီးကျွန်းမြို့၊ (၁)ရပ်ကွက်နေ ဆိုင်ကယ်ကယ်ရီမောင်းသူ ဦးသန်းမြင့်(ဘ)ဦးမြင့်သိန်း၏ ကယ်ရီဆိုင်ကယ်ဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသား (၁)ဦး ရောက်ရှိလာပြီး ၎င်းသည် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဒုစုံမှူးဖြစ်ကြောင်း၊ ဆီဆိုင်များအားဖမ်းဆီး၍ရကြောင်း၊ ၎င်းတောင်းခံသည့်ငွေအား မပေးပါက ဖမ်းဆီး၍ ထောင်ချမည်ဖြစ်ကြောင်းပြောကာ ငွေတောင်းခံသဖြင့် ဒေါ်အေးအေးတင်၏ “ချယ်ရီဝင်း” အမည်ရှိ အရောင်းဆိုင်မှငွေ(၃၀၀၀၀)ကျပ်၊ ဒေါ်သန်းသန်းစိုး၏ “အောင်” အမည်ရှိ အရောင်းဆိုင်မှ ငွေ (၃၀၀၀၀)ကျပ်၊ ဦးမြတ်ထွန်းသစ်၏ “ဦးတင်ဖေ" အမည်ရှိအရောင်းဆိုင်မှ ငွေ(၅၀၀၀၀)ကျပ်တို့အား ပေးအပ်လိုက်ရ ကြောင်း အကြောင်းကြားလာသဖြင့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီးနောက် အဆိုပါ ဒုစုံမှူးအဖြစ် ပြောဆိုခဲ့သူမှာ ဟိုင်းကြီးကျွန်းမြို့၊ (၁)ရပ်ကွက်သို့ရောက်ရှိနေကြောင်းသတင်းအရ ဟိုင်းကြီးကျွန်းမြို့ရှိ ရပ်ကွက်များအတွင်း စုံစမ်းရှာဖွေရာ ဟိုင်းကြီးကျွန်းမြို့ ၊(၂)ရပ်ကွက် " ကောင်းစည်" စားသောက်ဆိုင် အတွင်းတွေ့ရှိခဲ့သည်။

စစ်ဆေးရာ ၎င်းသည် ရဲမင်းကို(ခ)မှုံကြီး၊ ၂၅နှစ်၊ (ဘ)ဦးသန်းအောင်၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ (၁၄) ရပ်ကွက်၊ ပုသိမ်မြို့နေသူဖြစ်ပြီး ဇူလိုင်လ ၆ရက်နေ့ ၁၈းဝဝနာရီ ပုသိမ်မှ ကျောက်ချောင်းရွာသို့ ထွက်ခွာသည့် ပုသိမ်သူ(၂)ရှပ်ပြေးရေယာဉ်ဖြင့် ကျောက်ချောင်းကျေးရွာသို့ရောက်ရှိခဲ့ကြောင်း၊ ဇူလိုင်လ ၇ ရက်နေ့ ၀၈း၀၀ နာရီတွင်  ယခင်က ခင်မင်ရင်းနှီးသူ ဟိုင်းကြီးကျွန်းမြို့၊ (၁)ရပ်ကွက်နေ ဆိုင်ကယ် ကယ်ရီမောင်းသူ ဦးသန်းမြင့်(ဘ)ဦးမြင့်သိန်းအား ဖုန်းဖြင့်ခေါ်၍ ခမောက်မော်ရွာသို့သွားရောက်ကာ စက်သုံးဆီအရောင်းဆိုင်များထံမှ ပြည်သူ့ဝန်ထမ်းဟန်ဆောင်၍ ခြောက်လှန့်ကာ ငွေကြေးများအား တောင်းခံရယူခဲ့ကြောင်း သိရှိရသဖြင့် ဒုရဲအုပ် ရဲထက်အောင်၏ တိုင်တန်းချက်အရ ဟိုင်းကြီးနယ်မြေ ရဲစခန်း၌ အမှုဖွင့်ပြီး တရားခံအားဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)