ရတနာပုံအမျိုးသမီးအသင်းခေါင်းဆောင်အနေဖြင့် ပွဲစဉ်ကို ပုံမှန်အတိုင်း ဆက်လက်ကစားနိုင်ရန်နှင့် အကျပ်အတည်းကို ပြေလည်စေရန် ခက်ခဲသောဆုံးဖြတ်ချက်တစ်ခုကို ရုတ်တရက် ချမှတ်ခဲ့ရခြင်း ဖြစ်ကြောင်း ထုတ်ပြန် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရတနာပုံအမျိုးသမီးအသင်းခေါင်းဆောင်အနေဖြင့် ပွဲစဉ်ကို ပုံမှန်အတိုင်း ဆက်လက်ကစားနိုင်ရန်နှင့် အကျပ်အတည်းကို ပြေလည်စေရန် ခက်ခဲသောဆုံးဖြတ်ချက်တစ်ခုကို ရုတ်တရက် ချမှတ်ခဲ့ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်




ရန်ကုန်၊ ဇူလိုင် ၈

ရတနာပုံအမျိုးသမီးအသင်း က မြဝတီအမျိုးသမီးအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရသော ပွဲစဉ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ၂ဝ၂၆ ခုနှစ်၊ ဇူလိုင်လ (၈)ရက်နေ့တွင် တရားဝင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။

အဆိုပါပွဲစဉ်တွင် ရတနာပုံအသင်း၏ ရလဒ်နှင့် ပတ်သက်၍ အစဉ်တစိုက် အားပေးဝန်းရံကြသော ပရိသတ်များ၏ စိတ်ပျက်ဝမ်းနည်းမှုနှင့် ဝေဖန်ထောက်ပြမှုများအားလုံးကို ကလပ်အသင်း ပိုင်ရှင်များ၊ အုပ်ချုပ်သူများ၊ နည်းပြအဖွဲ့များ မှ အပြည့်အဝ နားလည်လက်ခံပြီး အသင်းဘက်မှ တာဝန်ယူမှုအပြည့်ဖြင့် တောင်းပန်အပ်ပါသည်။

ပထမပိုင်း၏ နာကျင်အချိန်ပိုတွင် ရရှိခဲ့သော ပင်နယ်တီ လွဲချော်ခဲ့မှုနှင့် ပွဲရလဒ်အပေါ် အသင်းခေါင်းဆောင်မှ ပရိသတ်များထံ တာဝန်ခံ တောင်းပန်အပ်ပါသည်။ သို့ရာတွင် အဆိုပါ ပင်နယ်တီ ကန်သွင်းမှုနှင့် ပတ်သက်၍ အသင်း ခေါင်းဆောင်၏ ရိုးသားကြိုးစားမှု၊ အသင်းအပေါ် ပေးဆပ်လိုစိတ်နှင့် ဂုဏ်သိက္ခာပိုင်းအပေါ် ရတနာပုံအသင်းမှ အပြည့်အဝ ယုံကြည်ရပ်တည်လျက်ရှိပါသည်။

ပင်နယ်တီ ကန်သွင်းမည့်အချိန်တွင် ပြိုင်ဘက်အသင်းဘက်မှ ပြင်းထန်သော ကန့်ကွက်မှုများကြောင့် ကွင်းအတွင်း တင်းမာမှုများ မြင့်တက်ခဲ့ပြီး ပွဲစဉ် ရပ်ဆိုင်းသွားနိုင်သည့် အခြေအနေအထိ ဖြစ်ပေါ်ခဲ့ပါသည်။ ပရိသတ်များ မမြင်တွေ့ နိုင်သော ထိုကွင်းတွင်းဖိအားများကြားတွင် အသင်းခေါင်းဆောင်အနေဖြင့် ပွဲစဉ်ကို ပုံမှန်အတိုင်း ဆက်လက်ကစားနိုင်ရန် နှင့် အကျပ်အတည်းကို ပြေလည်စေရန် ခက်ခဲသောဆုံးဖြတ်ချက်တစ်ခုကို ရုတ်တရက် ချမှတ်ခဲ့ရခြင်း ဖြစ်ပါသည်။

ရတနာပုံအသင်းအနေဖြင့် မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် အဖက်ဖက်မှ ကြိုးပမ်းရင်းနှီးမြှုပ်နှံလျက်ရှိပါသည်။ ထို့ကြောင့် နောင်လာမည့် ပွဲစဉ်များတွင် စည်းမျဉ်းစည်းကမ်းနှင့်အညီ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရေး နှင့် မ လိုလားအပ်သည့် ဖိအားများမှ ကစားသမားများကို အပြည့်အဝကာကွယ်ပေးပါရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်တွန်းတောင်းဆို အပ်ပါသည်။

ရတနာပုံအသင်း၏ ပိုင်ရှင်များ၊ အုပ်ချုပ်သူများ၊ နည်းပြအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ကစားသမားများ အားလုံး သည် အသင်းနှင့် ပရိသတ်များ၏ ဂုဏ်သိက္ခာကို အစဉ်အမြဲ တန်ဖိုးထားစောင့်ရှောက်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကွင်း တွင်းအခြေအနေအရ ပြိုင်ပွဲအကျိုးကို ရှေးရှုကာ ခက်ခဲစွာ ဆုံးဖြတ်ခဲ့ရသော အသင်းခေါင်းဆောင်အပေါ်နားလည်ပေး ကြပါရန်နှင့် အပြုသဘောဆောင်သော ဝန်းရံမှုများဖြင့်သာ ဆက်လက်အားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

နောင်လာမည့်ပွဲစဉ်များတွင် ပိုမိုကောင်းမွန်သော ခြေစွမ်းနှင့် ရလဒ်ကောင်းများ ပေးစွမ်းနိုင်ရန် ရတနာပုံ မိသားစုတစ်ခု လုံးမှ အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)