ယူကရိန်း ဒရုန်းစက်ရုံတွေကို ရုရှားက တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်း ဒရုန်းစက်ရုံတွေကို ရုရှားက တိုက်ခိုက်


ဇူလိုင် - ၁၇ ( သောကြာနေ့ ) 

ရုရှားနိုင်ငံက ယူကရိန်းရဲ့ စစ်ဘက်ဆိုင်ရာ စက်မှုအဆောက်အအုံတွေနဲ့ ဆိပ်ကမ်းတွေကို ရုရှားက တိတိကျကျ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရ ဒီတိုက်ခိုက်မှုဟာ ကိဗ်မြို့မှာရှိတဲ့ ဒရုန်းထုတ်လုပ် သိမ်းဆည်းတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းစစ်တပ်အတွက် စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းတွေနဲ့ စက်သုံးဆီတွေ လက်ခံသိမ်းဆည်းရာမှာ သုံးနေတဲ့ အိုဒက်ဆာ  နဲ့ ယူဇနီ ဆိပ်ကမ်းတွေက အခြေခံအဆောက်အအုံတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုအတွင်းမှာပဲ ယူကရိန်းစစ်တပ်ကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ စက်သုံးဆီ သိုလှောင်ကန် ၅ ကန်လည်း ထိမှန်ပျက်စီးသွားခဲ့ပါတယ်။ ကိဗ်မြို့က ပစ်မှတ်တွေထဲမှာ Rapid PJSC လို့ခေါ်တဲ့ လော့ဂျစ်စတစ်ကုမ္ပဏီက လည်ပတ်နေတဲ့ စက်မှုလုပ်ငန်းခွင်တစ်ခုလည်း ပါဝင်ပါတယ်။ အဲဒီနေရာဟာ အလတ်စားနဲ့ ရေရှည်ပျံသန်းနိုင်တဲ့ ဒရုန်းတွေအပြင် ဒရုန်းထုတ်လုပ်ရာမှာ သုံးတဲ့ နိုင်ငံခြားဖြစ် အပိုပစ္စည်းတွေကို တပ်ဆင်သိုလှောင်တဲ့နေရာ ဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

အခြားတိုက်ခိုက်ခံရတဲ့ ပစ်မှတ်တစ်ခုကတော့ "ကိဗ်-၁"  ရေဒီယိုအီလက်ထရောနစ် လုပ်ငန်းပိုင် ဒရုန်းသိုလှောင်ရုံ ဖြစ်ပါတယ်။ အဲဒီနေရာဟာ တာဝေးတိုက်ခိုက်ရေးဒရုန်းအမျိုးအစားဖြစ်တဲ့ AN-196 Lyuty ဒရုန်းတွေ၊ Leleka-100 ကင်းထောက်ဒရုန်းတွေနဲ့ တခြားဒရုန်းပုံစံငယ်တွေအတွက် အပိုပစ္စည်းတွေကို တပ်ဆင်သိုလှောင်တဲ့နေရာ ဖြစ်ပါတယ်။

ဒါ့အပြင် ချော်နိုမော့စ် ဆိပ်ကမ်းကို ဦးတည်မောင်းနှင်နေတဲ့ ယူကရိန်းအတွက် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်သင်္ဘောတစ်စင်းကိုလည်း ရုရှားတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့သလို၊ ပင်လယ်နက်ထဲက မြွေကျွန်း အနီးမှာရှိတဲ့ ယူကရိန်းအထူးတပ်ဖွဲ့သုံး အမြန်နှုန်းမြှင့်လှေတစ်စင်းကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

မကြာသေးမီ သီတင်းပတ်တွေအတွင်းမှာ ရုရှားနိုင်ငံဟာ ယူကရိန်းရဲ့ စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းနဲ့ ထောက်ပံ့ ပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေအပေါ် အဝေးပစ် လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာခဲ့တာပါ။ ဒါဟာ ရုရှားရဲ့ အရပ်ဘက်နဲ့ စွမ်းအင်ကဏ္ဍ အခြေခံအဆောက်အအုံတွေအပေါ်  ယူကရိန်းဘက်က အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အတွက် လက်တုံ့ပြန်တာဖြစ်တယ်လို့ ရုရှားဘက်က ပြောဆိုထားပြီး၊ ယူကရိန်းဘက်မှာ စစ်မြေပြင်အရှုံးတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒီလိုတိုက်ခိုက်မှုတွေ ပိုပြီးစိပ်လာတာ ဖြစ်ပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)