နေပြည်တော်၊ ဇူလိုင် ၁၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက် ပါ၍ ပြင်ဦးလွင်မြို့၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ် ဆေးသည်။
ဗဟိုမီးသတ်သင်တန်းကျောင်းသို့ဝင်ရောက်သည့် လမ်းသစ်ဖောက်လုပ်ရေးလုပ်ငန်းခွင်
ဦးစွာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မန္တလေး-လားရှိုးလမ်းမကြီးမှ ဗဟိုမီးသတ်သင်တန်းကျောင်းသို့ဝင်ရောက်သည့် လမ်းသစ် ဖောက်လုပ်နေသည့် လုပ် ငန်းခွင်သို့ရောက်ရှိကြပြီး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက လမ်းသစ်ဖောက်လုပ်နေသည့်အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ပြင်ဦးလွင်ဒေသအပါအဝင် နိုင်ငံအတွင်းရှိ မိမိတို့ပြည်သူများ၏ လူနေမှုအဆင့်အတန်းနှင့် လူမှုစီးပွားဘဝများ ဖွံ့ ဖြိုးတိုးတက်လာစေရေးအတွက် မိမိတို့အနေဖြင့် လိုအပ်သည့်အခြေခံအဆောက်အဦ များကို အကောင်အထည်ဖော်တည်ဆောက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင် ရွက်ရာတွင်လည်း ရေရှည်တည်တံ့ခိုင်မြဲမှုရှိစေရေးနှင့် အကျိုးရှိရှိ အသုံးချနိုင်ရေး လုပ်ငန်းဆောင်ရွက်မှုအားလုံး စနစ်တကျဖြစ်ရန်လိုကြောင်း၊ ယခုဖောက်လုပ်လျက်ရှိသည့် လမ်းကြောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ စနစ်တကျထည့်သွင်းဖောက်လုပ်သွားရန်လိုကြောင်း၊ ကတ္တရာခင်းခြင်း၊ လမ်းပခုံးများ ထည့်သွင်းခြင်းတို့ကိုလည်း စနစ်တကျ ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းနယ်များကိုလည်း စနစ်တကျသတ်မှတ်သွားရန်လိုပြီး လမ်းနယ်အတွင်း၌ စိမ်းလန်းစိုပြည်မှုရှိစေရေးနှင့် အေးမြသာယာသည့်ရာသီဥတုကို ဆက်လက်ထိန်းသိမ်းနိုင် ရေးအတွက် မယ်ဇလီကဲ့သို့သော အပင်ကြီးမျိုးများ၊ အရိပ်ရလေကာပင်များကို ပင်ကြား တန်းကြားမှန်ကန်စွာဖြင့် စနစ်တကျထည့်သွင်း စိုက်ပျိုးသွားရန်လိုကြောင်း၊ လမ်း ကြောင်းတစ်လျှောက်ရှိ သင်တန်းကျောင်းများအနေဖြင့်လည်း နယ်နိမိတ် သတ်မှတ်ချက်များအတိုင်း ဖြစ်ရန်လိုပြီး ခြံစည်းရိုးများ စနစ်တကျကာရံထားရှိသွားရန်လိုကြောင်း၊ ဇီးပင်ကြီး အခြေခံပညာအထက်တန်းကျောင်းအတွင်း၌ အားကစားကွင်း တစ်ခုကိုလည်း သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ပေးသွားရ မည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် လမ်းကြောင်းတစ်လျှောက် လမ်းဖောက်လုပ် ရေးလုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများ၊ တံတားများ ထည့်သွင်းတည်ဆောက် ထားရှိမှုများနှင့် ဗဟို မီးသတ်သင်တန်းကျောင်းအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ် ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ရတနာပုံမြို့သစ်စီမံကိန်းနှင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပြင်စာကျေးရွာအနီး ရတနာပုံမြို့သစ်စီမံ ကိန်းရှိ ရတနာပုံတယ်လီပို့ အဆောက်အဦသို့ရောက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ကော်မတီနှင့်လုပ်ငန်းကော်မတီများ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အကြီးအကဲ ရောက်ရှိစစ်ဆေးစဉ်လမ်းညွှန်မှာကြား ချက်များအပေါ် လိုက်နာဆောင်ရွက်ထားရှိမှု၊ ရတနာပုံဆိုက်ဘာစီးတီးအတွင်း Ever Green ဧရိယာများ ဖော်ဆောင်လျက်ရှိမှု၊ ဆိုက်ဘာစီးတီးစီမံကိန်းစက်မှု မြေကွက်များ တွင် စက်ရုံတည်ဆောက်ထားရှိပြီး ပုံမှန်လည်ပတ်နေသော ကုမ္ပဏီများအား ဆက် လက်လုပ်ပိုင်ခွင့်ပေးထားကာ လုပ်ငန်းရပ်တန့်နေသည့် ကုမ္ပဏီများအား သတ်မှတ် ချက်နှင့်အညီ ဆက်လက် လုပ်ကိုင်လိုခြင်းရှိ/မရှိ စိစစ်ဆောင်ရွက်ခဲ့မှု၊ ရတနာပုံဆိုက် ဘာစီးတီးစီမံကိန်း အပိုင်း (၁) ၂၂၀၀ ဧကအတွက် ဖြစ်တန်စွမ်းလေ့လာဆန်းစစ် ဆောင်ရွက်လျက်ရှိမှု၊ ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းဧရိယာအတွင်း မြောက်ပိုင်း အိမ်ရာမြေကွက်များတွင် သတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး ဆောင်ရွက်လျက်ရှိမှု ၊ စီမံကိန်းအတွင်း စက်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ ကုမ္ပဏီများအား ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စီမံကိန်းအတွင်းရှိ အဆောက်အဦများ ဆက်လက် အသုံးပြုနိုင်ရေး ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိမှုနှင့် သင်တန်းခန်းမများ နှင့် ဝန်ထမ်းများ နေထိုင်ရန်အိပ်ဆောင်များအား ပြည်တွင်းနည်းပညာကုမ္ပဏီများမှ ငှားရမ်းအသုံးပြု ဆောင်ရွက်လိုမှု၊ စီမံကိန်းအတွင်းရှိ စက်ရုံများလုပ်ငန်းလည်ပတ် နေမှုနှင့် အသစ်လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်ထားရှိမှု၊ စီမံကိန်း အတွင်း ပြည်ပနည်းပညာကုမ္ပဏီများမှ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဆွေးနွေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းအတွင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် အသစ်လျှောက်ထားသည့် လုပ်ငန်း လုပ်ဆောင်မည့် မြေနေရာများအား သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြု ဆောင်ရွက် သွားရန်လိုကြောင်း၊ စီမံကိန်းအတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြမည့် ပြည်တွင်း၊ ပြည်ပမှ ကုမ္ပဏီများအနေဖြင့် နိုင်ငံတော်အကျိုးစီးပွားဖွံ့ဖြိုးတိုးတက် ရေးတွင် အထောက်အပံ့ကောင်းများ ပေးနိုင်သည့်ကုမ္ပဏီများဖြစ်စေရေး စနစ်တကျ စိစစ်ရွေး ချယ်ခွင့်ပြု ပေးသွားရန်လိုကြောင်း၊ ဒေသတွင်းရှိ နည်းပညာဆိုင်ရာ တက္ကသိုလ်များ၊ ကောလိပ်များမှ သင်တန်းဆင်းလာကြသည့် နည်းပညာတတ်ကျွမ်းသော ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ယခုစီမံကိန်းမှ အလုပ်အကိုင် အခွင့် အလမ်းများ ပေးစွမ်းနိုင်ရမည်ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရတနာပုံ မြို့သစ်စီမံကိန်း မြေဧရိယာဧက(၃၀၀၀) ဆိုင်ရာအချက်အလက်များ၊ လက်ရှိအခြေအနေများအပေါ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စီမံကိန်းဧရိယာ အတွင်းရှိ ကျေးရွာများဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက ရတနာပုံမြို့သစ်စီမံကိန်းမြေဧရိယာဧက(၃၀၀၀)ကို ၂၀၀၆ ခုနှစ် ကတည်းကပင် အစိုးရပိုင်စီမံကိန်းမြေအဖြစ် သတ်မှတ်အကောင်အထည်ဖော် ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် စီမံကိန်းဧရိယာနယ်နိမိတ် တစ်လျှောက်၌
အမှတ်အသားများစိုက်ထူသတ်မှတ်ထားရန်လိုပြီး နယ်နိမိတ်တစ် လျှောက် အမြဲစိမ်းအပင်များစိုက်ပျိုးသွားရန်လိုကြောင်း၊ စီမံကိန်းဧရိယာအတွင်း ခွင့်ပြု ချက်မရရှိဘဲ အဆောက်အဦများ ကျူးကျော်ဆောက်လုပ်နေထိုင်မှုများကိုလည်း သတ်မှတ်ထား သည့် စည်းကမ်းနှင့်အညီ စိစစ်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည် များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် ရတနာပုံမြို့သစ် စီမံကိန်း ဧရိယာအတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရတနာပုံမြို့သစ်ဆက်သွယ်ရေးစခန်း Incupation Center (IC) အဆောက်အဦသို့ ရောက်ရှိစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် အဆောက်အဦနှင့် ရေစနစ်၊ မီးစနစ်များကို စနစ်တကျ ပြန်လည်ပြင်ဆင် ဆောင်ရွက်သွားရန်လိုကြောင်း၊ အဆောက်အဦများအနီးသစ်ပင် များစိုက်ပျိုးရာတွင် အဆောက်အဦ ထိခိုက်မှုမရှိအောင် စိုက်ပျိုးသွားရန်လိုကြောင်း မှာကြားသည်။
ယင်းနောက် ရတနာပုံမြို့သစ်စီမံကိန်း အတွင်း သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ စိမ်းလန်းစိုပြေသည့်ပတ်ဝန်း ကျင်ကို စဉ်ဆက်မပြတ်ထိန်းသိမ်း နိုင်ရေး သစ်ပင်များစိုက်ပျိုးထားရှိမှု၊ စက်ရုံ၊ အလုပ်ရုံ များနှင့် အိမ်ရာများ ဖော်ဆောင် ထားရှိမှုတို့ကို မော်တော်ယာဉ်များဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပိုးချည်စက်ရုံ (ပြင်ဦးလွင်)
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲ၊ ပိုးချည်စက်ရုံ (ပြင်ဦးလွင်)သို့ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံက စက်ရုံ၏နောက်ခံသမိုင်း ကြောင်းဆိုင်ရာအချက်အလက်များနှင့် ရည်ရွယ်ချက်များ၊ မြေအသုံးချနိုင်မှုနှင့် ဘဏ္ဍာ ရေးနှစ်အလိုက် ပိုးစာပင်များ စိုက်ပျိုးထားရှိမှုအခြေအနေများ၊ ပိုးမွေးမြူမှု၊ ပိုးအိမ် ထုတ် လုပ်မှုနှင့်ပိုးချည်၊ ပိုးထည်နှင့် တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်ရောင်း ချနိုင်မှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် စက်ရုံဆိုင်ရာ လိုအပ်ချက် များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ပိုးမွေးမြူထုတ်လုပ်မှုများ တိုးတက်ထုတ်လုပ်နိုင်ရေး သုတေသနလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ပိုးချည်နှင့် ပိုးထည်များသည်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပြည်ပဈေးကွက်သို့ပါ တင်ပို့ရောင်းချနိုင်သဖြင့် ပိုးချည်ထုတ်လုပ်မှုများ တိုးတက်ထုတ် လုပ်နိုင်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပိုးချည်ထုတ်လုပ်ခြင်းစက်မှုလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး လူသားအရင်းအမြစ်များစဉ်ဆက်မပြတ် မွေးထုတ် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
ထို့နောက် စက်ရုံပြခန်းအတွင်း ပိုးစာနှင့် ပိုးထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြ သထားရှိမှု၊ ပိုးချည်ကောင်များအဆင့် အလိုက် မွေးမြူထားရှိမှု၊ ပိုးစာပင်စိုက်ခင်း အတွင်း ပိုးစာပင်အမျိုးအစားအလိုက် စိုက်ပျိုးထား ရှိမှု၊ ပိုးချည်စက်ရုံအတွင်းရှိပိုးရွေးခန်း၊ ပိုးချည်ရစ်ခန်း၊ ပိုးချည်ငင်ခန်း၊ ပိုးချည်ထုပ်ခန်း တို့၌ လုပ်ငန်းများ အဆင့်ဆင့်ဆောင်ရွက်လျက်ရှိမှု၊ ရှေးခေတ်သုံး ပိုးချည်ငင်စက်များ အစဉ်အဆက် ထိန်းသိမ်းထားရှိမှုတို့ကို စိတ်ပါဝင်စားစွာဖြင့် လိုက်လံကြည့်ရှုစစ်ဆေး ခဲ့ပြီးတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည် မေးမြန်း ဆွေး နွေးသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပိုးချည်စက်ရုံ (ပြင်ဦးလွင်)မှ ဝန်ထမ်းများ အတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ စက်ရုံတာဝန်ခံက လက်ခံရယူခဲ့ကြောင်း သတင်း ရရှိသည်။
#MNP #News





No comments:
Post a Comment