ဇူလိုင် - ၁ ( ဗုဒ္ဓဟူးနေ့ )
ဒီရက်ပိုင်း SpaceX နဲ့ Tesla ရှယ်ယာတွေ တော်တော်လေး အပြိုင်အဆိုင် ပြန်တက်လာလို့ အီလွန်မတ်စ်ရဲ့ အသားတင်ပိုင်ဆိုင်မှုက တစ်ရက်တည်းတင် ဒေါ်လာ ၆၂.၃ ဘီလီယံ လောက် ဝုန်းခနဲ တိုးသွားခဲ့ပါတယ်။ အဲ့ဒါကြောင့် သူဟာ ဒေါ်လာ ၁ ထရီလီယံ ကျော်ပိုင်ဆိုင်တဲ့ ပထမဆုံး ထရီလီယံနာအဖြစ် စံချိန်ပြန်ဝင်သွားပြန်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက SpaceX ရှယ်ယာတွေ နည်းနည်းပြန်ကျတာရယ်၊ Tesla က သူ့ရဲ့ ရှယ်ယာတွက်ချက်ပုံ ပြောင်းလဲမှုတွေကြောင့် ထရီလီယံနာစာရင်းထဲက ခဏလေး ပြုတ်သွားပါသေးတယ်။ ဒါပေမဲ့ အခုတော့ အရှိန်နဲ့ ပြန်တက်လာပြီး ကမ္ဘာ့အချမ်းသာဆုံးပလ္လင်ပေါ်မှာ ဒုတိယမြောက် ကမ္ဘာ့အချမ်းသားဆုံး သူနဲ့ အဝေးကြီး မှာ ပြန်ထိုင်နေပြီ။ Google တည်ထောင်သူတွေဖြစ်တဲ့ လာရီပေ့ဂျ်တို့ ဆာဂေးဘရင်း တို့ ထက်တောင် ပိုင်ဆိုင်မှုက အပြတ်အသတ် သာနေပါတယ်။
ပြီးခဲ့တဲ့ ဇွန်လလယ်ပိုင်း SpaceX ရဲ့ သမိုင်းဝင် IPO စတော့ဈေးကွက်ထဲ ဝင်တုန်းက သူ့ပိုင်ဆိုင်မှုက ဒေါ်လာ ၁.၄၅ ထရီလီယံ အထိ စံချိန်တင် မြင့်ခဲ့သေးတာဆိုတော့ အခု ၁ ထရီလီယံကျော် ပြန်ဖြစ်တာက သူ့အတွက်တော့ အေးဆေးပါပဲ။
"ငွေကြေးဈေးကွက်က ဘယ်လောက်ပဲ ကစားကစား၊ အီလွန်မတ်စ်ကတော့ ခဏနေရင် ပြန်ပြီး အဆမတန် ချမ်းသာလာမြဲပဲ" ဆိုတာပါပဲ။ ၂၀၂၄ ခုနှစ် မေလကတည်းက ကမ္ဘာ့အချမ်းသာဆုံးပလ္လင်ကို အပိုင်စီးထားရုံတင် မကဘဲ၊ မကြာသေးခင်ကတင် SpaceX ရဲ့ သမိုင်းဝင် IPO စတော့ဈေးကွက်ထဲ ဝင်ရောက်မှုကြောင့် သူ့ရဲ့ ပိုင်ဆိုင်မှုက ဒေါ်လာ ၁.၁ ထရီလီယံ ($1.1 Trillion) အထိ ဝုန်းခနဲ တက်သွားပြီး "ကမ္ဘာ့ပထမဆုံး ထရီလီယံနာ" ဖြစ်လာခဲ့တာပါ။
REF: FE
#MNP #News

No comments:
Post a Comment