နေပြည်တော်၊ ဇူလိုင် ၁
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC) ၏ အာရှပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Alexander James Matheou အား ၃၀-၆-၂၀၂၆ ရက် (အင်္ဂါနေ့) ၊ ၁၁:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် လူသားချင်းစာနာမှု အကူအညီများ အပါအဝင် မြန်မာနိုင်ငံကြက်ခြေနီ အသင်း (MRCS) ၏ လုပ်ငန်းများတွင် IFRC က ကူညီပံ့ပိုးပေးနေမှုအခြေအနေများနှင့် မြန်မာနိုင်ငံ၌ IFRC က ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
အစည်းအဝေးသို့ IFRC ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia Khoury ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
#MNP #News

No comments:
Post a Comment