ချီလီမှာ သတ္တုတွင်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာပေမဲ့ အလုပ်သမား ရှားပါးတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချီလီမှာ သတ္တုတွင်း ရင်းနှီးမြှုပ်နှံမှုတွေ တိုးတက်လာပေမဲ့ အလုပ်သမား ရှားပါးတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရ



ဇူလိုင် - ၁ ( ဗုဒ္ဓဟူးနေ့ ) 

ကမ္ဘာပေါ်မှာ ကြေးနီအများဆုံးထုတ်တဲ့ ချီလီနိုင်ငံမှာ နောက်ထပ် ၁၀ နှစ်အတွင်း သတ္တုတွင်းလုပ်ငန်းတွေအတွက် ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်အထိ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတာ ရှိတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီလုပ်ငန်းတွေကို လည်ပတ်ဖို့အတွက် ကျွမ်းကျင်လုပ်သား ၃၇,၀၀၀ နီးပါး လောက် လိုအပ်နေပြီး လူမလောက်တဲ့ပြဿနာက အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာနေတယ်။

တကယ်တော့ လိုအပ်မယ့် အလုပ်သမားတွေရဲ့ ၈၇% ကျော်က အလုပ်သစ်တွေအတွက် မဟုတ်ဘဲ အသက်ကြီးလို့ အငြိမ်းစားယူမယ့်သူတွေနေရာမှာ အစားထိုးဖို့ ဖြစ်နေတာ။ စီမံကိန်းအသစ်တွေအတွက်ကတော့ ၁၂% ကျော်ပဲ လိုတာပါ။ သတ္တုတွင်းလုပ်ငန်းခွင်ထဲမှာ အသက် ၁၈ နှစ်ကနေ ၂၉ နှစ်ကြား လူငယ်ထုက ၇% လောက်ပဲ ရှိတော့တယ်။

အခုနောက်ပိုင်း သတ္တုတွင်းတွေမှာ AI တွေ၊ အဝေးထိန်းစနစ်တွေနဲ့ အလိုအလျောက်မောင်းတဲ့ ကားတွေကို ပိုသုံးလာကြတယ်။ ဥပမာ ချီလီဟာ လက်ရှိ လက်တင်အမေရိကမှာ အလိုအလျောက်မောင်းတဲ့ သတ္တုတွင်းထရပ်ကား အများဆုံးသုံးတဲ့ နိုင်ငံဖြစ်နေပြီ (တရုတ်၊ သြစတြေးလျ၊ ကနေဒါတို့ပြီးရင် နံပါတ် ၄ ချိတ်ပါတယ်)။

ဒါကြောင့် လုပ်ငန်းခွင်က ကွန်ပျူတာနဲ့ နည်းပညာပိုင်း ကျွမ်းကျင်တဲ့ အလုပ်သမားမျိုးတွေကို ပိုလိုချင်နေတာပါ။ အရင်ကလို လူအင်အားအများကြီးသုံးတဲ့ စနစ်ကနေ စက်ရုပ်နဲ့ နည်းပညာဘက် ကူးပြောင်းနေတော့ လက်ရှိ သမားရိုးကျ အလုပ်သမားတွေလည်း အလုပ်ပြုတ်ကုန်တာမျိုး၊ စောစောအငြိမ်းစားယူလိုက်ရတာမျိုးတွေ ရှိလာတယ်။

ချီလီအနေနဲ့ ဒီရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကြီးကို အမိအရဖမ်းဆွဲနိုင်ဖို့ဆိုရင် လူငယ်တွေနဲ့ အမျိုးသမီးတွေကို သတ္တုတွင်းကဏ္ဍထဲဝင်လာအောင် ဆွဲဆောင်ရမယ်၊ ပြီးတော့ ခေတ်မီနည်းပညာတွေကို အမြန်ဆုံး သင်တန်းပေးပြီး လူသားအရင်းအမြစ် လိုအပ်ချက်ကို ဖြည့်ဆည်းရမှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ လူမရှိလို့ စီမံကိန်းတွေ ကြန့်ကြာသွားနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။


REF: UPI

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)