တောင်ငူ၊ ဇူလိုင် ၁
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပြီးစီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ (၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်၊ အရာရှိကြီးများ၊ တပ်ရင်း/တပ်ဖွဲမှူးများ၊ အရာရှိနှင့် စစ်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုသည်။ နိုင်ငံသားတိုင်း ထမ်းဆောင်ရမည့် တာဝန်ဖြစ်သည့်အလျှောက် ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ တာဝန်ထမ်းဆောင်ခဲ့ကြသူများကို ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းဆောင်နေစဉ်အတွင်း တပ်မတော်တွင် သတ်မှတ်ထားသည့် အဆင့်အလိုက် လစာနှင့် စရိတ်အတိုင်း ခံစားခွင့်ပေးခြင်း၊ ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းကာလအတွင်း သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း များရှိခဲ့လျှင် တာဝန် ဝတ္တရားထမ်းဆောင်ခြင်းနှင့် အကျုံးဝင်ပါက တပ်မတော်တွင် သတ်မှတ်ထားသော ခံစားခွင့်များ ရရှိစေခြင်း၊ ပြည်သူ့စစ်မှုထမ်းကာလပြီးဆုံးသော အလုပ်သမား တစ်ဦးအား မူလ ထမ်းဆောင်ခဲ့သော အလုပ်အကိုင် သို့မဟုတ် အလားတူ အလုပ်အကိုင်တွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်ရှင်က ခန့်ထားရမည်၊ သတ်မှတ်ထားသောကာလ ပြည့်သည်အထိ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးသူ တစ်ဦးသည် မိမိသဘော ဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက် အမှုထမ်းလိုပါက သတ်မှတ်ထား သည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ စစ်မှုထမ်းခွင့်ပြုနိုင်သည်။
ပြည်သူ့စစ်မှုထမ်းတာဝန် ပြီးမြောက်သူများကို ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်လည်း ပြည်သူ့စစ်မှုထမ်းဗဟိုအဖွဲ့က စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည်။
#MNP #News







No comments:
Post a Comment