နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန အမှုဆောင်ဒါရိုက်တာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းမှုဗဟိုဌာန အမှုဆောင်ဒါရိုက်တာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ



နေပြည်တော်၊ ဇူလိုင် ၁

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် အာဆီယံ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီ‌ပေးရေး ညှိနှိုင်းမှု ဗဟိုဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Mangement- AHA Centre)၊ အမှုဆောင်ဒါရိုက်တာ မစ္စတာလီယန်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၊ ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။ 

 ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး AHA Centre ၏ ကြိုးပမ်းဆောင်ရွက်ချက်များအတွက် ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့ပြီး အမှန်တကယ် အကူအညီလိုအပ်နေသည့် မြန်မာပြည်သူများထံ အကူအညီများ ထိရောက်လျင်မြန်စွာရောက်ရှိရေးအတွက် မြန်မာနိုင်ငံအစိုးရနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် မြန်မာနိုင်ငံ၏ ဦးစားပေးလိုအပ်ချက်နှင့် ကိုက်ညီမှုရှိစေရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် အရေးကြီးမှု နှင့် AHA Centre နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အကြံပြုခဲ့ပြီး AHA Centre ၏ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။

မစ္စတာလီယန်မင်းက AHA Centre မှတစ်ဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရာတွင် မြန်မာနိုင်ငံအစိုးရ၏ ပံ့ပိုးမှုနှင့် ကူညီဆောင်ရွက်ပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး AHA Centre က ရှေ့ဆက်ဆောင်ရွက်မည့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရေး အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)