ဇူလိုင် - ၁ ( ဗုဒ္ဓဟူးနေ့ )
အိန္ဒိယနိုင်ငံရဲ့ မြို့တော် (နယူးဒေလီ) မှာ စိုးရိမ်စရာဖြစ်နေတဲ့ လေထုညစ်ညမ်းမှုအဆင့်ကို ထိန်းချုပ်ဖို့အတွက် ဆီကားအဟောင်းတွေကို ဖျက်သိမ်းပြီး လျှပ်စစ်ကား (EV) ပြောင်းလဲစီးမယ့် ကားပိုင်ရှင်တွေကို ငွေသားမက်လုံးပေးမယ်လို့ ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။
ဒေလီပြည်နယ်အစိုးရဟာ လာမယ့် ၄ နှစ်အတွင်းမှာ လျှပ်စစ်ကားကဏ္ဍကို မြှင့်တင်ပေးမယ့် မူဝါဒအစီအစဉ် တစ်ခုအတွက် အမေရိကန်ဒေါ်လာ ၁.၅၉ ဘီလီယံအထိ သီးသန့်လျာထား သတ်မှတ်ပေးထားတာပါ။
ကမ္ဘာ့လေထုအရည်အသွေး အစီရင်ခံစာအရ ဒေလီမြို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အထိ ၈ နှစ်ဆက်တိုက် ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့တော်အဖြစ် စံချိန်တင်ထားဆဲ ဖြစ်ပါတယ်။ ဒီမြို့မှာ မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ် ၈.၇၆ သန်းတောင် ရှိနေပြီး၊ အခုမူဝါဒအသစ်ကတော့ လာမယ့် ၂၀၃၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့မှာ မြို့ထဲက မော်တော်ယာဉ် အနည်းဆုံး ၃၀ ရာခိုင်နှုန်းကို လျှပ်စစ်စွမ်းအင်သုံး ဖြစ်လာစေဖို့ ရည်မှန်းထားပါတယ်။
အဲ့ဒီမူဝါဒအရ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်မတိုင်ခင်က ဝယ်ထားတဲ့ ဆီကားအဟောင်းတွေကို ဖျက်သိမ်းပြီး လျှပ်စစ်ကားအသစ်နဲ့ လဲလှယ်မယ့် ကားပိုင်ရှင်တွေကို အမေရိကန်ဒေါ်လာ တစ်ထောင့်ခြောက်ဆယ် ငွေသားမက်လုံး ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် တန်ဖိုး ဒေါ်လာ ၃၁,၇၀၀ ဝန်းကျင်အထိရှိတဲ့ လျှပ်စစ်ကားတွေကို လမ်းခွန် နဲ့ မှတ်ပုံတင်ကြေးတွေ ကင်းလွတ်ခွင့်ပေးဦးမှာမို့ ကားတစ်စီးလုံးရဲ့ တန်ဖိုးမှာ ပုံမှန်အားဖြင့် ၄ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်အထိ ထပ်ပြီး သက်သာသွားစေမှာပါ။
ဒေလီမြို့မှာ ရှိနေတဲ့ မော်တော်ဆိုင်ကယ် ၅.၉ သန်းလုံးကိုလည်း လျှပ်စစ်စွမ်းအင်သုံးအဖြစ် ပိုပြီး မြန်မြန်ဆန်ဆန် ပြောင်းလဲပစ်ချင်နေတာပါ။ အဲ့ဒါကြောင့် လာမယ့် ၂၀၂၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး မော်တော်ဆိုင်ကယ်အသစ်ဆိုရင် လျှပ်စစ်ဆိုင်ကယ်တွေကိုပဲ မှတ်ပုံတင်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။
ဒီအကူးအပြောင်းကို ပိုမြန်လာအောင်ဆိုပြီး လျှပ်စစ်ဆိုင်ကယ် ဝယ်မယ့်သူတွေကို ပထမနှစ်မှာ ဒေါ်လာ ၃၀၀ ဝန်းကျင်အထိ ထောက်ပံ့ကြေး ပေးသွားမှာဖြစ်ပြီး၊ နောက်ထပ် ၂ နှစ်မှာတော့ အဲ့ဒီထောက်ပံ့ကြေးကို တစ်နှစ်ကို ဒေါ်လာ ၁၀၀ စီ လျှော့ချသွားမယ်လို့ သိရပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment