ဂန့်ဂေါ၊ ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုး ကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းနေ အရွယ်ကလေးများအား အသက်အရွယ်အလိုက်သတ်မှတ်ထားသည့် အတန်းများသို့ဝင်ရောက်ပညာသင်နိုင် ရေးအတွက် ၂၀၂၆ခုနှစ်၊ ဇွန်လ(၁၅)ရက်နေ့မှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ Placement Test (အထူးအစီအစဉ်)ဖြင့် စာမေးပွဲများကိုဖြေဆိုခဲ့ကြရာ ယနေ့နံနက်ပိုင်းက အဆိုပါအတန်းများ၏ အောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးရှေ့နှင့် အ.ထ.က(ဂန့်ဂေါ)စာစစ်ဌာနတို့တွင် ကြေညာထားရာ စာမေးပွဲဝင်ရောက်ဖြေဆိုထားကြသည့် ကျောင်းသား၊ ကျောင်းသူများလာရောက်၍ ကြည့်ရှုခဲ့ကြသည်။
ဂန့်ဂေါမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ Placement Test (အထူးအစီအစဉ်)ဖြင့် စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)စာစစ်ဌာန၌ ဖြေဆိုကြရာတွင် Grade-1 ဖြေဆိုရန်စာရင်းရှိ (၃၄)ဦးတွင် ဖြေဆိုသူ(၂၇)ဦးမှ အောင်မြင်သူ(၁၁)ဦး၊ Grade-2 ဖြေဆိုရန်စာရင်းရှိ(၁၀၈)ဦးတွင် ဖြေဆိုသူ (၇၃)ဦးမှ အောင်မြင်သူ(၂၃)ဦး၊ Grade-3 ဖြေဆိုရန်စာရင်းရှိ(၇၅)ဦးတွင် ဖြေဆိုသူ(၆၄)ဦးမှ အောင်မြင်သူ (၃၆)ဦး၊ Grade-4 ဖြေဆိုရန်စာရင်းရှိ(၁၂၂)ဦးတွင် ဖြေဆိုသူ(၁၁၀)ဦးမှ အောင်မြင်သူ(၁၈)ဦး၊ Grade-5 ဖြေဆိုရန်စာရင်းရှိ(၁၃၄)ဦးတွင် ဖြေဆိုသူ(၁၂၅)ဦးမှ အောင်မြင်သူ(၄၁)ဦး၊ Grade-6 ဖြေဆိုရန်စာရင်းရှိ (၁၃၈)ဦး တွင် ဖြေဆိုသူ(၁၂၂)ဦးမှ အောင်မြင်သူ(၁)ဦး၊ Grade-7 ဖြေဆိုရန်စာရင်းရှိ(၁၄၀)ဦးတွင် ဖြေဆိုသူ (၁၂၈)ဦးမှ အောင်မြင်သူ(၂)ဦးနှင့် Grade-8 ဖြေဆိုရန်စာရင်းရှိ(၁၈၁)ဦးတွင် ဖြေဆိုသူ(၁၆၃)ဦးမှ အောင်မြင်သူ(၄)ဦးရှိရာ Grade-1 မှ Grade-8 ထိ ဖြေဆိုရန်စာရင်းရှိ(၉၃၂)ဦးတွင် ဝင်ရောက်ဖြေဆိုသူ(၈၁၂) ဦးတွင် အောင်မြင်သူ(၁၃၆)ဦးရှိကာ အောင်မြင်မှုအနေဖြင့် (၁၆.၇၅) ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မောင်မျိုးမင်း
#MNP #News





No comments:
Post a Comment