ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေး ဆွေးနွေး



နေပြည်တော်၊ ဇူလိုင် ၁

ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (Belt and Road Initiative – BRI) အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၃၀-၆-၂၀၂၆ ရက်၊ နေ့လယ် (၁၃၀၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စတုရင်္ဂဗလခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အစည်းအဝေးတွင် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော် က အဖွင့်အမှာ စကားပြောကြားပြီး၊ တက်ရောက်လာသည့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်း (BRI) မူဘောင်အောက်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်သည့် စီမံကိန်း များနှင့် တိုးတက်မှုများကို ပြန်လည် သုံးသပ်ဆွေးနွေးခဲ့ကြသည်။ 

ယင်းနောက် ကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွား ဖြစ်ထွန်းစေရေးအတွက် ရပ်ဝန်းနှင့်ပိုးလမ်းမဆိုင်ရာ စီမံကိန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရေးနှင့် စီမံကိန်းများ ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ BRI အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီကို အထောက်အကူပြုရန် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်မှုတိုးမြှင့်ရေး၊ BRI စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ အကြား အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။  

အစည်းအဝေးသို့ ဝန်ကြီးဌာန (၂၃) ခု၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နေပြည်တော် ကောင်စီတို့မှ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။  


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)