ချောင်းဦးမြို့နယ်မှာ ဗိုလ်ချုပ်ရုပ်ထု ဖယ်ရှားလိုက်တာနဲ့ ပတ်သက်လို့ ပြည်ဖျက်မီဒီယာတွေမှာ တခါ ဖွကြတယ်။ တောင်ငူက ဗိုလ်ချုပ်ရုပ်ထု ဖယ်ရှားတော့လည်း အလားတူပဲ ပြည်ဖျက်မီဒီယာတွေ ဖွကြပြန်တယ်။
အခု ရန်ကုန်မြို့ပေါ်က ဗိုလ်ချုပ်ရုပ်ထု ၂ခုဖယ်ရှားတာကို ဖွနေကြပြန်တယ်။
NLD အာဏာရတဲ့ကာလမှာ ဗိုလ်ချုပ်ရုပ်ထု ခေါင်းစဉ်တပ်ပြီး အမြို့မြို့အနယ်နယ်မှာ ခွက်ခေါက်ကြတယ်။ အလှူငွေတွေနဲ့ ဗိုလ်ချုပ်ရုပ်ထုတွေ လုပ်ကြတယ်။ တနိုင်ငံလုံးအတိုင်းအတာအထိ ဖောင်းပွလာတယ်။ ရုပ်ထုတွေ ထုလုပ်မှုဟာ ပုံမကျ ပန်းမကျ အင်မတန် အရုပ်ဆိုးအကျည်းတန်လွန်းတဲ့ အခြေအနေတွေ မြင်တွေ့လာရတယ်။
လက်ရှိ အကြမ်းဖက်လှုပ်ရှားမှု အားကောင်းနေပါတယ်ဆိုတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ရုပ်ထု ကို ဆန့်ကျင် ကန့်ကွက်မှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်ခဲ့တယ်။
တကယ်တော့ NLD က လူတွေဟာ ဗိုလ်ချုပ်ရုပ်ထု ခေါင်းစဉ်တပ်ပြီး ပြည်သူလူထုဆီက ငွေတွေကို အလွဲသုံးစား လုပ်ခဲ့ကြခြင်းဖြစ်ပါတယ်။ ပြည်သူလူထုထံက အလှူခံရရှိတဲ့ငွေနဲ့ စနစ်တကျ ဗိုလ်ချုပ်ကို သူ့ရဲ့ ရုပ်သွင်ပြင်အတိုင်း လေးစားဖွယ်ဖြစ်အောင် ဖန်တီးခဲ့ကြခြင်းမျိုး မဟုတ်ဘဲ ဗိုလ်ချုပ်ရုပ်နဲ့ လားလားမျှ မအပ်စပ်တဲ့ ဗိုလ်ချုပ်ရုပ်တုတွေ ဖြစ်နေပါတယ်။
နေပြည်တော်၊ သပြေကုန်းအဝိုင်း က ဗိုလ်ချုပ်မြင်းစီးရုပ်ကိုပဲ လာကြည့်ပါ။ ကြေးရောင် လုံးဝမရှိတော့ပါဘူး။ နိင်ငံတော်အဆင့် အထင်ကရ နေရာမှာ လုပ်တဲ့ ရုပ်ထုကိုတောင် အရည်အသွေးပြည့်မီအောင် မလုပ်ခဲ့ပါဘူး။ စာရေးသူကတော့ ဖြတ်သွားဖြတ်လာ သပြေကုန်းအဝိုင်း က ဗိုလ်ချုပ်မြင်းစီးရုပ်ကို မြင်ရတိုင်း စိတ်မကောင်းဖြစ်မိတယ်။ ကြေးနဲ့ သွန်းလုပ်ထားတဲ့ပုံစံ လုံးဝ မပေါ်လွင်တော့ပါဘူး။ ရွံ့ရုပ်ထု အနေအထား ဖြစ်နေပါတယ်။
ရန်ကုန်မြို့မှာ ဗိုလ်ချုပ်ပန်းခြံ၊ ဗိုလ်ချုပ်ရုပ်ထု နှစ်ပေါင်းများစွာ ကြေးရုပ်ဟာ ကြေးရုပ်ပါပဲ။ ရုပ်သွင်ပြင် လက္ခဏာဟာလည်း ဗိုလ်ချုပ် ပုံပန်းသဏ္ဍာန်ပေါ်လွင်ပါတယ်။ နေပြည်တော်၊ ပျဉ်းမနား၊ ရှမ်းကန်နားက ဗိုလ်ချုပ်ရုပ်တုလည်း ခန်းနားထည်ဝါလှပါတယ်။
NLD အစိုးရလက်ထက် ဗိုလ်ချုပ်ရုပ်ထု ခေါင်းစဉ်တပ်ပြီး ပြည်သူလူထုထံက အလှူငွေတွေ ကောက်ခံခဲ့ကြပေမယ့် ပုံမကျ ပန်းမကျ ရုပ်တုတွေ ထုလုပ်ထားခဲ့ခြင်း ဖြစ်သည့်အတွက် တာဝန်ရှိသူများအနေနဲ့ ရှင်းလင်းဖယ်ရှားသင့်ပါတယ်။ နေပြည်တော်၊ သပြေကုန်းအဝိုင်းက ဗိုလ်ချုပ်မြင်းစီးရုပ်ကို ကြေးရုပ်ထုနဲ့ အစားထိုးချင်ရင်ထိုးပါ။ မသင့်လျှော်ရင် တခြား မြန်မာ့ဂုဏ်ဆောင် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားကြီး အစရှိသော တိုင်းပြည်ကို စည်းလုံးညီညွတ်စွာ ဦးဆောင်နိုင်ခဲ့တဲ့ သမိုင်းအစဉ်အလာကြီးမားသော ပုဂ္ဂိုလ်များရဲ့ ရုပ်ထုတွေနဲ့ အစားထိုးသင့်ပါတယ်။
ဒါက ဗိုလ်ချုပ်ကို မလေးစားလို့ ပြောခြင်းမဟုတ်ပါဘူး။ NLD တွေဟာ ဗိုလ်ချုပ်၊ ဒေါ်စု အစရှိသော အများပြည်သူ ကြည်ညိုတန်ကောင်းရဲ့ ဆိုတဲ့ ပုဂ္ဂိုလ်များနဲ့ လုပ်စားလို့ ရတာကို သိနေတဲ့ နိုင်ငံရေးလုပ်စားသူများပါ။ ဗိုလ်ချုပ်ကို တပ်မတော်က အလေးအမြတ်ထားသလို ပြည်သူများကလည်း ထာဝရလေးစားလျက်ပါပဲ။ သို့ပေသော် ကြည်ညိုလေးစားထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ပုံပျက်ပန်းပျက် ရုပ်တုတွေ ထုလုပ်ပြီး အကြည်ညိုပျက်အောင် လုပ်သွားခဲ့ကြခြင်းဖြစ်တာကို သတိပြုဆင်ခြင်သင့်ပါတယ်။ ဗိုလ်ချုပ်ရုပ်ထုဟာ နေရာတိုင်းမှာ ရှိနေဖို့ မလိုပါဘူး။ ရှိသင့် ရှိအပ်တဲ့ နေရာမှာ လေးစားဂုဏ်ယူဖွယ်ရာအဖြစ် ရှိနေဖို့ လိုအပ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment