ရန်ကုန်၊ ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေးအစီအစဉ်(၄) (Yangon Region Hluttaw Capacity Building Programme - 4 ) “ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” (Leadership & Management Workshop) အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ပတ္တမြားခန်းမ ၌ ၂.၇.၂၀၂၆ ရက်၊ နံနက် (၉း၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ PIU College မှ ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်း၊ ဒေါက်တာသောင်းဌေး၊ ပါမောက္ခ ဒေါက်တာစိုးသူ၊ ဦးလင်းမြတ်ကိုနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်းက (How to Be A Leadership)၊ ဒေါက်တာသောင်းဌေး က (Nation Building & State Building) နှင့် ပါမောက္ခ ဒေါက်တာစိုးသူ က (Managements Skills For Policy Makers) ခေါင်းစဉ်များ ပို့ချဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် လွှတ်တော် ကိုယ်စားလှယ်များမှ သိရှိလိုသည်များ မေးမြန်းခဲ့ကြောင်း သိရသည်။
#MNP #News













No comments:
Post a Comment