ဇူလိုင် - ၈ ( ဗုဒ္ဓဟူးနေ့)
အိန္ဒိယနိုင်ငံဟာ BRICS အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကို အသံထက်မြန်တဲ့ ဗရာမိုစ် ခရုဇ်ဒုံးကျည်တွေ အပြင် အက်စထရာ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်တွေကိုပါ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ ဒါကတော့ နှစ်နိုင်ငံကြား စစ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့အတွက် သဘောတူညီချက် အမြောက်အမြား လက်မှတ်ရေးထိုးခဲ့ကြစဉ်အတွင်း ထည့်သွင်းချုပ်ဆိုခဲ့တာပါ။
မနေ့တုန်းက အင်ဒိုနီးရှားနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အိန္ဒိယဝန်ကြီးချုပ် နေရင်ဒရာ မိုဒီ ကို အင်ဒိုနီးရှားနိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဖြစ်တဲ့ “Bintang Adipurna of the Republic of Indonesia” ဘွဲ့ကို ချီးမြှင့်အပ်နှံခဲ့ပါတယ်။
အဲ့ဒီနှစ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်ကတည်းက သူတို့ရဲ့ ဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်အဆင့် အထိ မြှင့်တင်ခဲ့ကြတာဖြစ်ပြီးနောက် ဝန်ကြီးချုပ် မိုဒီဟာ အင်ဒိုနီးရှားနိုင်ငံဆီ ပထမဆုံးအကြိမ် လာရောက်လည်ပတ်တဲ့ အိန္ဒိယဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။
ဒီဒုံးကျည်အရောင်းအဝယ် သဘောတူညီချက်ဟာ ဝန်ကြီးချုပ် မိုဒီရဲ့ အခုခရီးစဉ်အတွင်း အရေးအကြီးဆုံး မှတ်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် မိုဒီရဲ့ အခုခရီးစဉ်ဟာ အရေးပါတဲ့ တွင်းထွက်သတ္တုတွေ နဲ့ ရေကြောင်းပူးပေါင်းဆောင်ရွက်မှု ကဏ္ဍတွေမှာလည်း ရလဒ်ကောင်းတွေ ထွက်ပေါ်စေခဲ့ပါတယ်။
နယူးဒေလီ (အိန္ဒိယအစိုးရ) အနေနဲ့ သူတို့ရဲ့ သတ္တုတွင်းထွက်ပံ့ပိုးမှု ကွင်းဆက်ကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ဖို့ အဓိကအာရုံစိုက်နေတာကြောင့် အင်ဒိုနီးရှားနိုင်ငံရဲ့ သံမဏိထုတ်လုပ်မှု၊ နီကယ်နဲ့ မြေရှားသတ္တု သံလိုက် ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment