ခရစ်ပတိုလုပ်ငန်းတွေကနေ ဒေါ်လာ ၁.၄ ဘီလီယံ အမြတ်ရရှိကြောင်း ထရမ့် ထုတ်ဖော်ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ခရစ်ပတိုလုပ်ငန်းတွေကနေ ဒေါ်လာ ၁.၄ ဘီလီယံ အမြတ်ရရှိကြောင်း ထရမ့် ထုတ်ဖော်ပြောကြား


ဇူလိုင် - ၂ ( ကြာသပတေးနေ့) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သူဟာ ပြီးခဲ့တဲ့နှစ်အတွင်း ခရစ်ပတို (ဒီဂျစ်တယ်ငွေကြေး) လုပ်ငန်းတွေကနေ အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံကျော်  ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ သူ အိမ်ဖြူတော်ကို ဒုတိယအကြိမ် ပြန်မတက်ခင်ကတည်းက သူ့ရဲ့မိသားစုဝင်တွေ ခရစ်ပတိုလောကထဲကို ဘယ်လောက်အထိ အင်တိုက်အားတိုက် ခြေစုံပစ်ဝင်ခဲ့ကြလဲဆိုတာကို ပြသနေတာပါ။

အမေရိကန်အစိုးရရဲ့ ကျင့်ဝတ်ဆိုင်ရာရုံး က ထုတ်ပြန်လိုက်တဲ့ စာမျက်နှာ ၉၀၀ ကျော်ပါဝင်တဲ့ အစီရင်ခံစာအရ ထရမ့်ရဲ့ ခရစ်ပတိုကရရှိတဲ့ ဝင်ငွေဟာ သူ ပုံမှန်လုပ်နေကျ အိမ်ခြံမြေလုပ်ငန်းတွေနဲ့ အပန်းဖြေစခန်းလုပ်ငန်းတွေ က ရတဲ့ ဝင်ငွေထက် အများကြီး ပိုမိုများပြားနေတာ တွေ့ရပါတယ်။

အဲဒီအထဲမှာ ဝင်ငွေအများဆုံးအဖြစ်နဲ့ ဆယ်လီကွိုင် ကုမ္ပဏီနဲ့ နာမည်အသုံးပြုခ (လိုင်စင်စာချုပ်) ချုပ်ဆိုရာကနေ ဒေါ်လာ ၆၃၅ သန်း ရရှိခဲ့ပါတယ်။ သူ သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုခင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလပိုင်းတုန်းက ထွက်ရှိခဲ့တဲ့ $TRUMP ဆိုတဲ့ မီမီကွိုင် ဟာ ကနဦးမှာ ဒေါ်လာဘီလီယံချီ တန်ဖိုးတက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လည်ပြိုလဲသွားခဲ့ပါတယ်။ အခုအချိန်မှာတော့ အဲဒီကွိုင်ဟာ အမြင့်ဆုံးတန်ဖိုးကနေ ၉၅ ရာခိုင်နှုန်းကျော်အထိ ပြန်ကျသွားခဲ့လို့ နောက်မှဝင်ဝယ်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ အကြီးအကျယ် အရှုံးပေါ်ခဲ့ကြပေမဲ့ ထရမ့်ကတော့ အဲဒီကနေ ဒေါ်လာသန်းပေါင်းရာချီ ဝင်ငွေရရှိသွားခဲ့တာပါ။

ဒါ့အပြင် ထရမ့်ဟာ သူ့ရဲ့သားတွေနဲ့ စီးပွားဖက်တွေ ပူးပေါင်းတည်ထောင်ထားတဲ့ ကမ္ဘာ့လွတ်မြောက်တဲ့ငွေကြေး ဆိုတဲ့ ခရစ်ပတိုလုပ်ငန်းကနေလည်း ဒေါ်လာ ၅၂၅ သန်းကျော် ရရှိခဲ့ပါသေးတယ်။ အစီရင်ခံစာထဲမှာတော့ သူဟာ ဘစ်ကွိုင် အနေနဲ့ ဒေါ်လာသန်း ၅၀ကျော်ဖိုး ကိုင်ဆောင်ထားပြီး၊ အီသာရီယမ်ကွိုင် ကိုတော့ ဒေါ်လာ ၅ သန်း ကနေ ၂၅ သန်းကြားဖိုး ကိုင်ဆောင်ထားတယ်လို့ ဖော်ပြထားပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူကတော့ ထရမ့်ဟာ အမေရိကန်နိုင်ငံကို ကမ္ဘာ့ခရစ်ပတိုဗဟိုချက် ဖြစ်အောင် ဂုဏ်ယူစွာနဲ့ လုပ်ဆောင်ပေးခဲ့တာဖြစ်ပြီး၊ အကျိုးစီးပွား ပဋိပက္ခဖြစ်စရာ ဘာမှမရှိဘူးလို့ တုံ့ပြန်ပြောကြားထားပါတယ်။ ဒါပေမဲ့ ဝေဖန်သူတွေကတော့ ထရမ့်အစိုးရဟာ သူတို့မိသားစုကိုယ်တိုင် ဝင်ငွေအမြောက်အမြား ရနေတဲ့ ခရစ်ပတိုလောကအတွက် အခွင့်ထူးခံဖြစ်စေမယ့် မူဝါဒတွေကို တွန်းအားပေးလုပ်ဆောင်နေတာကြောင့် ဒါဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ စိုးရိမ်စရာဖြစ်တယ်လို့ ထောက်ပြနေကြပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)