ရုရှား မီးသတ်ရဟတ်ယာဉ်တွေ မသုံးရလို့ စပိန်တောမီးအတွက် အခက်အခဲနဲ့ရင်ဆိုင်နေရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှား မီးသတ်ရဟတ်ယာဉ်တွေ မသုံးရလို့ စပိန်တောမီးအတွက် အခက်အခဲနဲ့ရင်ဆိုင်နေရ


ဇူလိုင် - ၂၈ ( အင်္ဂါနေ့ ) 

ဥရောပတောင်ပိုင်း မှာ တောမီးလောင်ကျွမ်းမှုဖြစ်ကာ ဘေးဒုက္ခ အဆိုးရွားဆုံး ရင်ဆိုင်နေရပြီး စပိန်မှာဆိုရင် စံချိန်တင် မီးလောင်မှု အကြီးအကျယ် ဖြစ်နေတာပါ။ ဒါပေမဲ့ ဥရောပသမဂ္ဂ ( အီးယူ) က ရုရှားအပေါ် ပိတ်ဆို့ အရေးယူထားတာတွေကြောင့် စပိန်အနေနဲ့ မီးငြိမ်းသတ်ဖို့ အဆင့်မြင့် စက်ပစ္စည်းကိရိယာတွေ သုံးခွင့်မရဘဲ ဖြစ်နေပါတယ်။

မက်ဒရစ်၊ ဘော်ဒိုးနဲ့ ဗလင်စီယာ မြို့တွေအနီးမှာ မီးတွေ ခပ်မြန်မြန် ကူးစက်လောင်ကျွမ်းနေလို့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း လူပေါင်း ၃ သိန်း ၆ သောင်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ မီးသတ်သမားတွေ၊ စစ်တပ်၊ ရဲနဲ့ အရေးပေါ်ကူညီရေး ဝန်ထမ်း စုစုပေါင်း ၉,၀၀၀ ကျော်ဟာ လေယာဉ် ဒါဇင်ပေါင်းများစွာ၊ ယာဉ်အစီးရေ ရာဂဏန်းနဲ့အတူ မီးငြိမ်းဖို့ အစွမ်းကုန် ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ ရာသီဥတုက ခြောက်သွေ့နေတဲ့အပြင် နောက်ထပ် အပူလှိုင်းကလည်း လာဦးမှာမို့လို့ မီးငြိမ်းဖို့ ပိုခက်ခဲနေတာပါ။ အာဏာပိုင်တွေကတော့ ဒီနှစ် တောမီးဟာ သမိုင်းမှာ အဆိုးရွားဆုံးထဲက တစ်ခုပဲလို့ ပြောထားကြပါတယ်။"

ဒါတင်မကသေးပါဘူး၊ စပိန်ဟာ အရင်က သုံးခဲ့တဲ့ ရုရှားလုပ် Kamov Ka-32 ဟာလီကော်ပတာတွေကို ထုတ်မသုံးနိုင်တာကြောင့်လည်း တောမီးငြိမ်းသတ်ရတာ ပိုအခက်တွေ့နေရပါတယ်။ ဒီဟယ်လီကော်ပတာတွေဟာ ရေအမြောက်အမြား သယ်ဆောင်နိုင်တာ၊  ရွှေ့လျားရလွယ်ကူတာ၊ အလွန်ပူပြင်းတဲ့ ရာသီဥတုနဲ့ ခက်ခဲကြမ်းတမ်းတဲ့ မြေပြင်အနေအထားတွေမှာပါ မောင်းနှင်နိုင်တာကြောင့် တောမီးငြိမ်းသတ်တဲ့ ပရောဂျက်တွေမှာ အလွန်ထိရောက်တယ်လို့ သတ်မှတ်ထားကြတာပါ။

အစကတော့ စပိန်အမျိုးသားနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ကန်ထရိုက်စာချုပ်ချုပ်ပြီး သုံးစွဲခဲ့ကြတာဖြစ်ပေမဲ့၊ ယူကရိန်းပဋိပက္ခ မြင့်တက်လာပြီးနောက်ပိုင်း ရုရှားအပေါ် အီးယူ က ချမှတ်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် အဲဒီဟယ်လီကော်ပတာ အုပ်စုတစ်ခုလုံး အခုထိ ပျံသန်းခွင့်မရဘဲ ရပ်နားထားရတာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂဆန့်ကျင်ရေးဝါဒီ နာမည်ကြီးပြင်သစ်သား ဖလိုရီယန် ဖိလစ်ပိုး က ဘရပ်ဆဲလ် (အီးယူ) ရဲ့ ကန့်သတ်ချက်တွေဟာ အရေးပေါ်အခြေအနေ အဆိုးရွားဆုံး ဖြစ်နေချိန်မှာ စပိန်မှာရှိတဲ့ 'အကောင်းဆုံး ဟယ်လီကော်ပတာ' ၁၂ စီးနီးပါးကို အသုံးပြုခွင့် မရအောင် လုပ်လိုက်တာပဲလို့ ပြောခဲ့ပါတယ်။

 မျိုးချစ်ပါတီခေါင်းဆောင်ဖြစ်သူ အဲဒီပုဂ္ဂိုလ်က ဘရပ်ဆဲလ်အနေနဲ့ 'အဓိပ္ပာယ်မရှိတဲ့ ရုရှားမုန်းတီးရေးဝါဒ' ကြောင့် ဥရောပသားတွေကို စေတနာမဲ့ စွန့်ပစ်ထားတာလို့ စွပ်စွဲလိုက်ပြီး အိတ်စ်ဆိုရှယ်မီဒီယာ (တွစ်တာ) မှာ 'ဒီလို စိန်ပြေနပြေ ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ရုရှားအတွက် မဟုတ်ဘဲ ဥရောပနိုင်ငံတွေအတွက်ပါ တကယ်ကို ဒုက္ခပေးနေတာ' လို့ ရေးသားခဲ့သလို အဲဒီပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

စပိန်အစိုးရကလည်း ပိတ်ဆို့အရေးယူမှုတွေကြောင့် Ka-32 ဟာလီကော်ပတာအုပ်စု ထိခိုက်ခဲ့ရတာကို ဝန်ခံထားပါတယ်။ ဒီပိတ်ဆို့မှုတွေကြောင့် အပိုပစ္စည်းဝယ်ယူတာနဲ့ ထိန်းသိမ်းစစ်ဆေးဖို့ ရုရှားအင်ဂျင်နီယာတွေကို စပိန်ဆီ ခေါ်ယူတာတွေကို တားမြစ်ထားတာပါ။

စပိန်ဟာ တောမီးငြိမ်းသတ်ဖို့အတွက် အစားထိုး ဟယ်လီကော်ပတာတွေ၊ ရေဖြန်းလေယာဉ်တွေနဲ့ ဒရုန်းတွေကို ထုတ်သုံးနေရပေမဲ့ အဲဒီအစားထိုးစက်ပစ္စည်းတွေဟာ ရေပါဝင်မှု နည်းပါးပြီး ခက်ခဲတဲ့အခြေအနေတွေမှာ ထိရောက်မှု ပိုနည်းတယ်လို့ သိရပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)