ဂန့်ဂေါ၊ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရဖြည့်စွက်စာကျွေးမွေးမည့် လုပ်ငန်းစီမံချက်တွင်ပါဝင်သည့် တစ်သျှူးငှက်ပျော ပင်များစိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်များပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)(စည်ပင်သာယာ)ကျောင်းတွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဗိုလ်မောင်က တစ်သျှူးငှက်ပျောပျိုးပင် စိုက်ပျိုးနည်းအဆင့်ဆင့်အား ရှင်းလင်းတင်ပြသည်။
ထို့နောက် တစ်သျှူးငှက်ပျောပျိုးပင်များအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အ.လ.က(ခွဲ)(စည်ပင်သာယာ)ကျောင်းမှ ဆရာ/ဆရာများထံ ပေးအပ်ပြီးနောက် စည်ပင် သာယာကျောင်းဝိုင်းအတွင်းတွင် ပျိုးပင်များအား တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများနှင့်အတူ စိုက်ပျိုးခဲ့ကြသည်။
ယင်းနောက် အခြေခံပညာမူလတန်းကျောင်း(မြို့မတောင်ပိုင်း)တွင် တစ်သျှူးငှက်ပျောပျိုးပင်များ ပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြီးနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဗိုလ်မောင်နှင့်ဝန်ထမ်းများ၊ တာဝန်ခံခရိုင်ပညာရေးမှူး ဦးမြင့်ဝင်း၊ တာဝန်ခံ မြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက တစ်သျှူးငှက်ပျောပျိုးပင်များကို တပျော်တပါးစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း
#MNP #News






No comments:
Post a Comment