မြောက်ဥက္ကလာပမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

 



မြောက်ဥက္ကလာပ၊ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊မြောက်ဥက္ကလာပမြို့နယ်အခွန်ဦးစီးဌာနမှူးရုံး အနေဖြင့် ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများ အရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့   နေ့လည်၁နာရီ အချိန် အဆိုပါရုံး၌ကျင်းပပြုလုပ်သည်။ 

 ဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှူးဒေါ်သင်းသင်းမိုးက  တည်ဆဲအခွန် ဉပဒေများအရ လိုက်နာရမည့် ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များနှင့်ပြေစာအမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာသိမှတ်ဖွယ်ရာများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်လုပ်ငန်းရှင် အခွန်ထမ်းပြည်သူများမှအခွန်ဆိုင်ရာသိိလိုသည်များမေးမြန်းရာမြို့နယ်အခွန်ဦးစီးမှူးမှပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။


သက်လွင်စိုး

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)