မြန်မာ - ထိုင်း နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများ ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ - ထိုင်း နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများ ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဆွေးနွေး





နေပြည်တော်၊ ဇူလိုင် ၁၄

 နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ ၏ ဖိတ်ကြားချက်အရ  ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင် ခရီးစဉ်သွားရောက်ခဲ့သည်။

 ခရီးစဉ်အတွင်း ဇူလိုင်လ ၁၄ ရက်၊ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် အား ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်သို့ သွားရောက် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်ပေါင်းရာချီကြာမြင့် သည့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံထားသော အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်သည်နှင့်အညီ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့်စပ်လျဉ်းသည့် ကိစ္စများတွင် ပူးပေါင်းဆောင်ရွက် မှုတိုးမြှင့်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများကို ဆွေးနွေးခဲ့သည်။ 

ယင်းနေ့တွင်ပင် ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်နိုင်မည့် အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များ လျှော့ချရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်‌ကုန်သွယ်ရေး မြှင့်တင်ရန်ကိစ္စများကို ဆွေးနွေးခဲ့သည်။ 

ပြည်ထောင်စုဝန်ကြီးသည် ယင်းနေ့နံနက်ပိုင်းတွင်  ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ မယ်တော် မိဖုရားကြီး Her Majestry Queen Sirikit နှင့် ထိုင်းနိုင်ငံ တော်ဝင်မင်းသမီး Princess Bajrakitiyabha တို့ ကံတော်ကုန်လွန်ခဲ့ခြင်းအတွက် ဗန်ကောက်မြို့ရှိ ဘုရင့်နန်းတော်တွင် ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ 


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)