မြောက်ဥက္ကလာပ၊ ဇူလိုင် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ဗုဒ္ဓဘာသာကလျာဏယု၀အသင်း (ဝိုင်အမ်ဘီအေ) နှင့် မြို့နယ်ပညာရေးမှူးတို့ ဦးဆောင်သော အခြေခံပညာကျောင်းအုပ်ကြီးများ ပူးပေါင်းပါ၀င်သော ပထမအကြိမ် အခြေခံပညာကျောင်းပေါင်းစုံ ဓမ္မစကြာ(အလွတ်)ပူဇော်ရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာဆုတောင်းပြည့်မယ်လမု စေတီတော်ကြီး၊ ယာဉ်ရပ်နား၀င်း၊ သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီး ပထမထပ်တွင် ကျင်းပပြုလုပ်လျက်ရှိသည်။
ပထမအကြိမ် အခြေခံပညာကျောင်းပေါင်းစုံ ဓမ္မစကြာ (အလွတ်)ပူဇော်ရွတ်ဆိုပြိုင်ပွဲကို ယနေ့စတင်ယှဉ်ပြိုင်ရာတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၊အမှတ်(၈) အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းတို့မှ ကျောင်းသူလေးများက စတင် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများကို ဇူလိုင် ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အသင်း ၈ သင်း ပါ၀င်ယှဉ်ပြိုင်မည်ဖြစ်ရာ ပထမဆု ကျပ်သိန်း ၄၀၊ ဒုတိယဆု ကျပ်သိန်း ၃၀၊ တတိယဆု ကျပ်သိန်း ၂၀၊ စတုတ္တဆု ကျပ်သိန်း ၁၀၊ ပဉ္စမဆု ကျပ် ၈ သိန်း အခြားပြိုင်ပွဲ၀င်ဆုမရရှိသည့် အသင်းများကိုလည်း ငွေကျပ် ၃ သိန်း ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး
#MNP #News





No comments:
Post a Comment