ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပေါင်လင်း၌ လူငယ်စကားဝိုင်းကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပေါင်လင်း၌ လူငယ်စကားဝိုင်းကျင်းပ




ဟိုပုံး၊ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ပေါင်လင်း၌ ကျင်းပသည်။

ဦးစွာ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက လူငယ်တွေရဲ့ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းတွေဖြစ်လာစေဖို့၊ လူငယ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်၊ လူ့အဖွဲ့အစည်းရဲ့ အင်အားရှိဆုံးမောင်းနှင်အားဖြစ်ပါကြောင်း၊ ဒါကြောင့်လူငယ်တွေကို အရည်အချင်းရှိတဲ့ခေါင်း‌ဆောင်တွေဖြစ်လာစေဖို့အတွက် လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူအများရှေ့တွင်ရဲဝံ့စွာပြောဆိုတတ်စေရန်၊ အပြန်အလှန်ဆွေးနွေးတတ်သည့် ယဉ်ကျေးမှုရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်စသည့်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်လင်းလင်းစန်းက Moderator အဖြစ်ဆောင်ရွက်ခဲ့ပြီး ပါဝင်ဆွေး‌‌နွေးပြောကြသူများဖြစ်ကြသော အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ပေါင်လင်းမှ Grade-7 မောင်အောင်ခေတ်မောင်၊ Grade-8 မောင်နိုင်မျိုးအောင်၊ Grade-9 နန်းနီလာထွန်း၊ Grade-9 မဂျိုသီးတို့က “လူငယ်နှင့် ပလပ်စတစ်အန္တရာယ်၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဥ်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်လင်းလင်းစန်းက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ပြီး  မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းထိုက်စိုးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်းသိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)