အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံတစ်ဝန်းဆောင်ရွက်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံတစ်ဝန်းဆောင်ရွက်ပေးလျက်ရှိ


နေပြည်တော်၊ ဇူလိုင် ၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းနှင့်အတူ ယမန်နေ့က ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခန်းမအတွင်း မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်ပေးနေမှု၊ မြို့နယ်အဆင့်ငါးဦးကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု၊ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးရေး လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် နိုင်ငံသားစိစစ်ရေးကတ် ရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကတ်  ကောက်ယူဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုအားပေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်သည်။

ထို့နောက် လမင်းစီမံချက်ဖြင့် နေ့ချင်းပြီး (One Stop Service) ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်တို့ကို ကာယကံရှင် ကျောင်းသား ကျောင်းသူတစ်ဦးချင်းထံပေးအပ်ပြီး မြို့နယ်ရုံးဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ ကျောင်းသား ကျောင်းသူများအား အာဟာရမုန့်များ ဝေငှပေးကြသည်။

ဝန်ကြီးဌာနအနေဖြင့် အသက် (၁၈) နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသူများ၊ ပျောက်ဆုံး/ ပျက်စီးသူများအား သက်ဆိုင်ရာမြို့နယ်ရုံးများ၌လည်းကောင်း၊ အသက် (၁၀) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာကျောင်းများသို့ ကွင်းဆင်း၍လည်းကောင်း လမင်းစီမံချက်ဖြင့် နိုင်ငံတစ်ဝန်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)