ပေါင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ပံ့ပိုးပစ္စည်းနှင့် ပံ့ပိုးငွေများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ပံ့ပိုးပစ္စည်းနှင့် ပံ့ပိုးငွေများ ပေးအပ်




ပေါင်၊ ဇူလိုင် ၆

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက် တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် လူနေအိမ်များနှင့် သာသနိက အဆောက်အအုံတို့အား ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက  ပေါင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဝါရီရူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထင်လင်းအောင်က ကဒါရပ်ကွက်တွင်   ဇူလိုင်လ ၅ ရက်နေ့၊ ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် သာသနိက အဆောက်အအုံ၊ အခြေခံပညာမူလတန်းကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှု အခြေအနေတို့အပေါ် ပြန်လည်နေရာချထားနိုင်ရေးအတွက် အလှူငွေများနှင့် အိမ်ဆောက်ပစ္စည်းများ ပေးအပ်ရခြင်းဖြစ်ကြောင်း၊ လေဆင်နှာမောင်းသည် နေရာအနှံအပြားတွင်ဖြစ်ပွားတတ်ပြီး ငလျင်ကဲ့သို့ ကြိုတင်ကာကွယ်ရန် ခက်ခဲကြောင်း၊ အဓိကအားဖြင့်မိုးရာသီအစမှာ သစ်ပင်များခုတ်လှဲရှင်းလင်းခြင်းများကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အုပ်ချုပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊မိမိဆိုင်ခန်းအပေါ်မှာရှိသည့် သစ်ပင်ကြီးများကို ခုတ်လဲရှင်းလင်းဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ်နွေးနွေးတို့က ပြိုကျနေသည့် နေအိမ်များ၊  ဘုန်းကြီးကျောင်းများအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂၉၄၀၀၀၀)ကျပ်၊လူဦးရေး(၂၃၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၁၉၀၀၀၀)ကျပ် စုစုပေါင်း ငွေကျပ် (၄၁၃၀၀၀၀)ကျပ်တို့အား  ပေးအပ်ခဲ့သည်။

ယင်းနောက် လေဘေးသင့်ပြည်သူများ ကိုယ်စား ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးထင်လင်းအောင်က လေဘေးသင့်ပြည်သူများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မွန်မလေး

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)