NLD အစိုးရလက်ထက် ဗိုလ်ချုပ်ကြေးရုပ်များ စိုက်ထူခဲ့ရာမှာ အချိုးအစားမကျ၊ ပုံသဏ္ဍာန်မကျ လုပ်ခဲ့တာတွေကြောင့် တာဝန်ရှိသူတွေက ဖယ်ရှားဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ ပြည်ဖျက်မီဒီယာတွေမှာ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြံဖန်တီး ရေးသားဖော်ပြ ဖြန့်ဝေမှုများ ပြုလုပ်လျက်ရှိပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်များ ပြုလုပ်ခဲ့တဲ့ နေရာမှာ နေပြည်တော်၊ သပြေကုန်းအဝိုင်းမှာလည်း မြင်းစီးဗိုလ်ချုပ်ကြေးရုပ် ထုလုပ်ထားခဲ့ပါတယ်။ စတင်တည်ထားစဉ်မှာတော့ ဗိုလ်ချုပ်ကြေးရုပ်ဟာ ကြေးရောင်ဝင်းလက်တောက်ပလျက်ရှိသော်လည်း တနေ့တခြား မဲညစ်ညစ် ဖြစ်လို့လာနေပါတယ်။
ဒါဟာ အရည်အသွေးပိုင်းမှာ ပြဿနာရှိနေတဲ့ လက္ခဏာကို ပြသခြင်းပဲ ဖြစ်ပါတယ်။ ကြေးအရည်အသွေး မှန်ကန်တယ်ဆိုရင် ရုပ်ထုဟာ မဲညစ်သွားမှာ မဟုတ်ဘဲ တောက်ပနေရမှာ ဖြစ်ပါတယ်။
ရှေးနှစ်ပေါင်းများစွာကတည်းက ထုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေမှာ ယခုကဲ့သို့ မဲညစ်ညစ်ပုံသဏ္ဍာန် ပြောင်းလဲသွားခြင်းမရှိဘဲ တောက်ပနေတာကို ကြည့်ခြင်းအားဖြင့် NLD အစိုးရလက်ထက် သပြေကုန်းအဝိုင်းမှာ ထုလုပ်ခဲ့တဲ့ မြင်းစီးဗိုလ်ချုပ်ကြေးရုပ်မှာ အရည်အသွေးပိုင်း အားနည်းချက်တွေ ရှိခဲ့တာကို ပြသနေပါတယ်။ ဒီလိုဖြစ်လာခြင်းဟာ အမြင်မတင့်တယ်ပါဘူး။ ဤနေရာသည် နေ့စဉ် ဝန်ထမ်းများ ရုံးဆင်း၊ ရုံးတက် ဖြတ်သန်းသွားလာနေတဲ့ နေရာဖြစ်သလို ဝန်ကြီးဌာနများဆီ လာကြတဲ့ နိုင်ငံတကာ သံတမန်များ ဖြတ်သွား ဖြတ်လာ အချက်အချာနေရာဖြစ်ပါတယ်။
ဒီနေရာမှာ ရှိနေတဲ့ လွတ်လပ်ရေးဖခင်ကြီးရဲ့ ရုပ်ထုဟာ ခန့်ညားထည်ဝါစွာ ရှိနေရမှာ ဖြစ်ပါတယ်။ ယခုလို မဲညစ်ညစ် အရည်အသွေးပြည့်မီခြင်း မရှိတဲ့ ရုပ်ထုနဲ့ ဘယ်လိုမှ မအပ်စပ်တော့ပါဘူး။ ဒီနေရာမှာအရည်အသွေးပြည့်မီတဲ့ တခြားရုပ်ထုတစ်ခု အစားထိုးချင်ထိုး၊ နိုင်ငံတော်ရဲ့ အထင်ကရ မင်းသုံးပါး ရုပ်ထုများဖြင့် ပိုမိုခန့်ညားအောင် ဆောင်ရွက်မည်ဆိုလျှင်လည်း သင့်တော်ပါတယ်။
သပြေကုန်းအဝိုင်းက ဗိုလ်ချုပ်ကြေးရုပ်ရဲ့ အခြေအနေကို တာဝန်ရှိသူများ ဖြတ်သွား ဖြတ်လာ သတိပြုမိကြလိမ့်မယ်လို့ ယူဆပါတယ်။ ခန့်ညားထယ်ဝါ တောက်ပစွာ ရှိနေရမယ့် လွတ်လပ်ရေးပိသုကာကြီးရဲ့ ရုပ်ထုဟာ ကိုယ်ကျိုးသာ ကြည့်တဲ့ NLD လုပ်စားအစိုးရ လက်ထက်မှာ အရည်အသွေးပြည့်မီစွာ လုပ်ဆောင်ခဲ့ခြင်း မရှိတဲ့အတွက်ကြောင့် အခုလို မဲညစ်ညစ်ပုံစံ၊ အမြင်မတင့်တယ်တဲ့ အနေအထားကို ရောက်ရှိလာခြင်း ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုကို ကိုယ်စားပြုတဲ့ အမှတ်သင်္ကေတတစ်ခုခု ဖန်တီးမယ်ဆိုရင်လည်း ပိုမိုကောင်းမြတ်တဲ့ အနေအထားမျိုး ဖြစ်လာမှာပါ။ ကောင်းသော အကြံပြုခြင်းပါ။
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment