လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင် ပင်လယ်ပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ၂၀ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၈၀၀ ကီလိုကျော် ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင် ပင်လယ်ပြင်သို့ ပို့ဆောင်မည့် ငွေကျပ် ၂၀ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၈၀၀ ကီလိုကျော် ဖမ်းဆီးရမိ






နေပြည်တော်၊ ဇူလိုင် ၁၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  သတင်းအရ ဇူလိုင်လ ၆ ရက်နေ့  ည ၁၀ နာရီခွဲအချိန် လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီးတွင် ကျော်ဦး မောင်းနှင်ပြီး ဇော်ဇော်ထွန်း လိုက်ပါလာသည့် GOVZCT ၆ ဘီးယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ ဒသမ ၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ ဇူလိုင်လ ၇ ရက်နေ့ ည ၇ နာရီခွဲအချိန် ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇေယျာလင်း နှင့် ထွေးမင်းဇော်တို့ ၂ ဦးအား မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းဆုံတွင်လည်းကောင်း၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန် မျိုးသန်းအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၉)ရပ်ကွက်၌ TOYOTA HILUX SURF ယာဉ် ၁ စီးနှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၁ နာရီခွဲအချိန် ဝေထွန်း ပိုင်ဆိုင်သည့် ဒလမြို့၊ မှောက်စက်ရပ်ကွက်၊ ရန်ကုန် မြစ်ကမ်းတွင် စိုက်ကပ်ထားသော မိဘမေတ္တာ(၁)စက်လှေပေါ်မှ ခင်မောင်ထွန်း၊ စမျိုးမင်း၊ ကျော်ကျော်ဝင်း၊ ဝင်းနိုင်ဦး၊ မိုးဇော်ဦး၊ မောင်မောင်၊ ချိုလွင်၊ သန်းဝေ၊ လှမျိုးခိုင်၊ မြင့်ခိုင်တို့ ၁၀ ဦး အား အိုက်စ်(မက်သ်အဖက်တမင်း) ၃၁၀ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၇ ဒသမ ၇၅ ဘီလီယံ) နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ပင်လယ်ပြင်သို့သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်ဦးအား ကွမ်းခြံကုန်းမြို့နယ်၌လည်းကောင်း၊ ရာဇာဟိန်းအား ဗိုလ်တထောင်မြို့နယ်၌လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်သို့ တာဝန်ခံသယ်ဆောင်သူမှာ လားရှိုးမြို့နယ်၊ ပန်ဟိုးကျေးရွာနေ ရန်ကြားရှော(ခ)ရန်ကုလား(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး ရန်ကုန်မှ ပင်လယ်ပြင်သို့ တင်ပို့ရာတွင် အဓိက စီမံခန့်ခွဲသူမှာ မှော်ဘီမြို့နယ်၊ ညောင်ပင်သာရွာနေ ဝေထွန်း(ဖမ်းဆီးရန်ကျန်) ဝီလျံထွန်းကုမ္ပဏီ ပိုင်ရှင်ဖြစ်ပြီး ၎င်းနှင့်အတူ ပူးပေါင်းပါဝင်သော ဝီလျံထွန်းကုမ္ပဏီဒါရိုက်တာ အဖွဲ့ဝင်များဖြစ်သည့် ဒေါပုံမြို့၊ နွယ်အေးရပ်ကွက်နေ မြတ်သူ(ဖမ်းဆီးရန်ကျန်)၊ တာမွေမြို့နယ်နေ ရာဇာဟိန်း(ခ)ရာဇာ၊ မြောက်ဒဂုံမြို့နယ်နေ မျိုးသန်း တို့သည် ရန်ကုန်မှတစ်ဆင့် ပင်လယ်ပြင်သို့ သယ်ဆောင်ရောင်းဝယ်ခဲ့သူများဖြစ်သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက် ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)