ရန်ကုန်၊ ဇူလိုင် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊လှိုင်သာယာမြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု မျှတကောင်းမွန်စေရန် ရည်ရွယ်၍ ရွှေလင်ဗန်းစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ပန်းဥယျာဉ်ဌာန) တို့ ပူးပေါင်းကျင်းပသော မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့ (ဇူလိုင်လ ၁၈ ရက်) စနေနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကြည်စိုး၊ အနောက်ပိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ ရွှေလင်ဗန်းစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ အလယ်ကျေးရွာ ဥက္ကဋ္ဌ ဦးဇင်ဝင်းအောင်၊ မြို့နယ်ဒုအုပ်ချုပ်ရေးမှူးဦးဌေးနိုင်နှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ယနေ့ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲကို နံနက် ၉:၀၀ နာရီတွင် စတင်၍ သတ်မှတ်နေရာအသီးသီး၌ စုပေါင်းစိုက်ပျိုးခဲ့ကြရာ နံနက် ၁၀:၀၀ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။ အဆိုပါ ပွဲတွင် သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုပြီး အရိပ်အာဝါသ ကောင်းမွန်စွာပေးနိုင်မည့် မဟော်ဂနီ အပင်ပေါင်း (၂၀၀) ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
#MNP #News




No comments:
Post a Comment