အိန္ဒိယမှာ ကျောင်းသားတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယမှာ ကျောင်းသားတွေနဲ့ ရဲတွေ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွား





ဇူလိုင်- ၂၁ ( အင်္ဂါနေ့ ) 

နိုင်ငံတော်အဆင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းတွေ ပေါက်ကြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ပညာရေးဝန်ကြီးကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုရင်း တနင်္လာနေ့တုန်းက လူငယ်တွေ အဓိကပါဝင်တဲ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာဟာ အိန္ဒိယပါလီမန်ဆီ ချီတက်ခဲ့ကြပါတယ်။

ကျောင်းသားတွေကို ချီတက်ပွဲပြုလုပ်ဖို့ ခွင့်ပြုချက်မပေးခဲ့တာကြောင့် လုံခြုံရေးအပြည့်ယူထားတဲ့ အဓိကရုဏ်း နှိမ်နင်းရေးရဲတပ်ဖွဲ့ တွေ ရောက်ရှိလာပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ရိုက်နှက်တာနဲ့ လူအုပ်ထဲကို မျက်ရည်ယိုဗုံးတွေ ပစ်ခတ်တာတွေကို ရုပ်မြင်သံကြားလိုင်းတွေနဲ့ လူမှုကွန်ရက်တွေမှာ မြင်တွေ့ခဲ့ရပါတယ်။

ဆန္ဒပြသူတွေကို ပါလီမန်အဆောက်အအုံဆီ ရောက်ခွင့်မပြုခဲ့သလို အိန္ဒိယရဲ့ အမြင့်ဆုံး ဥပဒေပြုအဖွဲ့ လွှတ်တော် နှစ်ရပ်လုံးကိုလည်း အဲဒီနေ့အတွက် အစည်းအဝေး ရပ်နားခဲ့ရပါတယ်။ မုတ်သုံရာသီ လွှတ်တော်အစည်းအဝေးကို တနင်္လာနေ့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

နယူးဒေလီမြို့မှာရှိတဲ့ သမိုင်းဝင် နက္ခတ်တာရာကြည့်မျှော်စင်တစ်ခုဖြစ်တဲ့ ဂျန်တာမန်တာ ပတ်ဝန်းကျင် လမ်းတွေပေါ်မှာ ကျောင်းသား ထောင်ပေါင်းများစွာ စုဝေးခဲ့ကြတာကို ဒရုန်းဗီဒီယို မှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။ ဆန္ဒပြသူတွေ စုဝေးရာနေရာကို မရောက်နိုင်အောင် တားဆီးဖို့အတွက် ဒေလီဗဟိုပိုင်းက မက်ထရိုရထားဘူတာ အချို့ကို နံနက်ပိုင်းမှာ ပိတ်ထားခဲ့ပါတယ်။

လူအုပ်ကို ထိန်းချုပ်တဲ့ အစီအမံတွေထဲက တစ်ခုအနေနဲ့ ဒေလီဗဟိုပိုင်း အချို့နေရာတွေမှာ အင်တာနက်လိုင်းတွေ ကို ပိတ်ပစ်ခဲ့တာကြောင့် အင်တာနက် လွတ်လပ်ခွင့် ဖောင်ဒေးရှင်း က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ ခဲ့ပါတယ် ။

ဒီဆန္ဒပြပွဲတွေကို အိန္ဒိယရဲ့ လူငယ်တွေ ဦးဆောင်တဲ့ ပိုးဟတ်ဂျန်တာပါတီ လှုပ်ရှားမှုက ဦးစီးပြုလုပ်နေတာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင် အဘီဟီဂျစ် ဒီပကီ ဟာ ဂျန်တာမန်တာ မှာ အစာငတ်ခံ ဆန္ဒပြနေတာ ဖြစ်ပြီး၊ ကျန်းမာရေးချို့ယွင်းလာလို့ စနေနေ့တုန်းက ရဲတပ်ဖွဲ့က ဆေးရုံပို့ပေးခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ ဆိုနမ်ဝမ်ကချောက်ရဲ့ နေရာမှာ ဆက်လက် ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဆိုနမ် ကလည်း ဆေးရုံမှာပဲ အစာငတ်ခံဆန္ဒပြမှုကို ဆက်လက်ပြုလုပ်နေတယ်လို့ သိရပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)