ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး









ပဲခူး၊ ဇူလိုင် ၆

 ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၆ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။

 ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ဈေးကြီး ပြန်လည်အဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ၎င်းနောက် ကလိကျေးရွာအုပ်စု၌ ဘက်စုံစိုက်ပျိုးမွေးမြူ ရေးစခန်း ဆောင်ရွက်မည့်နေရာနှင့် ပဲခူးပြည်သူ့ဆေးရုံကြီး(ခုတင် ၅၀၀) (၆)ထပ် ဆေးကုသဆောင်သစ် သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကာ ဆေးကုသဆောင် အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်ရာ အတွင်း Land Scaping ပြုလုပ်နေမှု၊ ဘုရင့်နောင်မင်းတရားကြီးစီးနင်းသည့် ပုံစံတူရထားတော်ကြီး အဆောင်နှင့် နန်းတော်ကျွန်တိုင်ဟောင်းများ ထိန်းသိမ်းထားရှိမှုတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နန်းတော်ရာအတွင်း သန့်ရှင်းသပ်ရပ်မှုနှင့် စိမ်းလန်းစိုပြေရေးကို အစဉ်ဆောင်ရွက်ရန်၊ လမ်းညွှန်ဆိုင်းဘုတ် များ ပြန်လည်ပြင်ဆင်ရန်နှင့် မြေယာအလှရှုခင်းများ စဉ်ဆက်မပြတ်လှပစေရေး ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

 ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ (၄)လမ်း ၌ လျှပ်စစ်မီးတိုင်များ တိုးချဲ့စိုက်ထူနေမှုနှင့် အိမ်တွင်းလျှပ်စစ်မီးသွယ်တန်းပေးနေမှုတို့အား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ရပ်ကွက်ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပဲခူးမြစ် ကမ်းနားဘေး ဇိုင်းဂနိုင်းမြောက်ပိုင်းပန်းခြံ တည်ဆောက်ပြီးစီးနေမှုနှင့် ပန်းလှိုင်တာဘေး၌ အများပြည်သူ အပန်းဖြေခြင်း၊ ကျန်းမာရေးဆိုင်ရာ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်နိုင်ရေးတို့အတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)