ကြံခင်း၊ ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့၊ အမှတ် ၂ ရပ်ကွက်ရှိ စံပြဧက ၁၀၀ စိုက်ခင်းတွင် ယနေ့နံနက် ၈နာရီအချိန်က တောင်သူ ဦးဩနိုင် လယ်မြေ ၂ ဧက၌ မိုးစပါးအထွက်တိုးစေရေး ကွင်းသရုပ်ပြပွဲ ကျင်းပသည်။
အဆိုပါ ကွင်းသရုပ်ပြသပွဲအား စံပြဧက ၁၀၀ စိုက်ခင်းအတွင်း တောင်သူ ဦးဩနိုင်၊ ရွှေကျောင်းကွင်း၊ ကွင်းအမှတ်၊ ၅၈ ဃ၊ ဦးပိုင်၊ ၁၉၅/၁၉၆၊ စိုက်ဧက ၂ ဧကတွင် ဆင်းသုခစပါးပျိုးအား မြို့နယ်စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများက ဦးဆောင်၍ ကောက်စိုက်သမများဖြင့် သရုပ်ပြသစိုက်ပျိုး နေမှုတို့ကို မြို့နယ်စိုက်တိုးမြှင့်အဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲဝင်များ၊ အခြေခံပညာနှင့် စိုက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း(ချင်းမြောင်)မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်၍ ကြည့်ရှုအားပေးကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဌာနမှ စမ်းသပ်စိုက်ပျိုးထားသည့် ကောက်ရိုးမှိုစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုအား တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ ကာ မြို့နယ်စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးဇော် ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်မင်းထက်က လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
ဖြိုးဝေလင်း
#MNP #News




No comments:
Post a Comment