ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ရုံးအဆောက်အအုံများ ပြန်လည်ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း အခြေအနေတို့ကို ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇူလိုင် ၁၉

အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များသည် ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဆောက်အအုံအသစ်တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း အသေးစိတ်လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ရုံးသို့ရောက်ရှိပြီး ကော်မတီဥက္ကဋ္ဌက ပြန်လည်ပြုပြင်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရေးအတွက် Shear Walls များ ထည့်သွင်းဆောင်ရွက်ရာတွင် နည်းစနစ်မှန်ကန်စေရေး၊ မြို့ပြ/ ရေသန့်/ လျှပ်စစ်လုပ်ငန်းများအပိုင်းလိုက်ပြီးစီးရေး၊ ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ပရိဘောဂများ ကြိုတင်ပြင်ဆင်ခြင်းတို့ကို အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအဆောက်အအုံ ပြန်လည်ပြုပြင်ခြင်းနှင့် (၂ ထပ်) ရုံးအဆောက်အအုံအသစ် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အချောသတ်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောလျင်စွာ ပြီးစီးစေရေးနှင့် သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေး၍ ဌာနများက အမြန်ဆုံးအသုံးပြုနိုင်စေရေး အထူးအလေးထားဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)