ဂန့်ဂေါ၊ ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့နယ်အတွင်းရှိ အများပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရိုင်သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့သည့် ယနေ့နံနက် ၈နာရီခွဲအချိန်က လူစည်ကားရာနေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။
ထိုသို့ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ရေဘေးအတွက်ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် လိုက်နာရမည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ပြုလုပ်ရမည့်အချက်များ၊ ရေကြီးပြီးနောက် ရှောင်ရှားသင့်သည့်အချက်များနှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လျှင် ဆက်သွယ်ရမည့်တယ်လီဖုန်းနံပါတ်များပါဝင်သည့် လက်ကမ်းစာစောင်များကိုဖြန့်ဝေကာ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ရေဘေးပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးစိုးမြင့်သန်း၊ ခရိုင်သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းအဖွဲ့ဝင်များဖြစ်သည့် ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီဇော်နှင့်ဝန်ထမ်းများ၊ ခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူးဦးရှိုင်းသူနှင့်ဝန်ထမ်းများ၊ ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းထက်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လဲ့ရည်လှိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့ သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရေဘေးအန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရေး အတွက် အသိပညာပေးခြင်းနှင့် ရေဘေးပညာပေးလက်ကမ်းစာစောင်(၂၀၀)စောင်ကို အခမဲ့ဖြန့်ဝေခဲ့ကြ ကြောင်း သိရသည်။
မောင်မျိုးမင်း
#MNP #News




No comments:
Post a Comment