ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအတွက် ပြန်တမ်းဝင်အဆင့် စတင်ခန့် အရာထမ်းရာထူးများကို တစ်နှစ်လျှင် ကြော်ငြာသုံးကြိမ်ခေါ်ယူ၍ စနစ်တကျရွေးချယ်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအတွက် ပြန်တမ်းဝင်အဆင့် စတင်ခန့် အရာထမ်းရာထူးများကို တစ်နှစ်လျှင် ကြော်ငြာသုံးကြိမ်ခေါ်ယူ၍ စနစ်တကျရွေးချယ်ပေးလျက်ရှိ


နေပြည်တော်၊ ဇူလိုင် ၂၁

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအတွက် ပြန်တမ်းဝင်အဆင့် စတင်ခန့် အရာထမ်းရာထူးများကို တစ်နှစ်လျှင် ကြော်ငြာသုံးကြိမ် ခေါ်ယူ၍ ရေးဖြေစာမေးပွဲ စစ်ဆေးခြင်း၊ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းတို့ကို ရွေးချယ်ရေးလုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျ ရွေးချယ်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၁/၂၀၂၆) ပါ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း (၂၄) ခုတွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့် လစ်လပ်ရာထူး ၆၅၃ နေရာ အတွက် ရေးဖြေစာမေးပွဲကို မေ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် စာစစ်ဌာန ငါးခု၌ ဖြေဆိုခဲ့ကြပြီး အဆိုပါ ရေးဖြေစာမေးပွဲတွင် ရေးဖြေအောင်မြင်သူ နိုင်ငံ့ဝန်ထမ်း အမှုထမ်းများနှင့် ပြင်ပဖြေဆို ပုဂ္ဂိုလ် ၃၄၆ ဦးတို့အတွက် စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းတို့ကို ဇူလိုင် ၁၄ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ် (၁၇) ၌ ဆောင်ရွက်လျက်ရှိသည်။

ယမန်နေ့က ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင် မောင်ဝင်းသည် ပြန်တမ်းဝင်အရာရှိ အဆင့်စတင်ခန့် လစ်လပ်ရာထူးများတွင် ရွေးချယ်ခန့်ထားမည့် နိုင်ငံ့ဝန်ထမ်း အမှုထမ်းများနှင့် ပြင်ပဖြေဆို ပုဂ္ဂိုလ်များအား စိတ်အခြေအနေစစ်ဆေးရေးအဖွဲ့များက ရေးဖြေနှင့် လူတွေ့စိတ်အခြေ အနေ စစ်ဆေးနေမှု၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များက လူတွေ့စစ်ဆေးရေးအဖွဲ့များခွဲ၍ လူတွေ့စစ်ဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စာမေးပွဲလာရောက်ဖြေဆိုကြသူများကို နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)