ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သောလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ လာရောက်လေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သောလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ လာရောက်လေ့လာ










ရန်ကုန်၊ ဇူလိုင် ၉

 ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သောလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ ယမန်နေ့က လာရောက်လေ့လာခဲ့သည်။

ထိုသို့လေ့လာရာတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကော်မတီများနှင့် အဖွဲ့များမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ က ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကောလ်လျန်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လွှတ်တော်အတွင်းလိုက်လံ ရှင်းလင်းပြသခဲ့ပြီး ပုလဲခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သမိုင်းကြောင်းနှင့် လွှတ်တော်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ 


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)