ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မီဒီယာများထဲက တစခုဖြစ်တဲ့ DVB သတင်းဌာနရဲ့ ဖော်ပြချက်အရ NUG အကြမ်းဖက်အဖွဲ့မှ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူ ဒေါ်ဇင်မာအောင်နဲ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရိုတို့ ဇူလိုင် ၁၃ ရက်က Video Conference နဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG အကြမ်းဖက်အဖွဲ့ရဲ့ ဇူလိုင် ၁၅ ရက်မှာ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရေးသားထားပါတယ်။
အဲဒီ သတင်းဖော်ပြချက်မှာ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ NUG အကြမ်းဖက်အဖွဲ့၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေအကြား တွေ့ဆုံ ဆွေးနွေးနိုင်တာက မြန်မာ့နိုင်ငံရေးအခြေအနေကို ပိုမိုနားလည်သဘောပေါက်စေဖို့နဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြေရှင်းချက်တွေကို ရှာဖွေဖို့ အထောက်အကူပြုမယ်လို့လည်း ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။
NUG အကြမ်းဖက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူ ဇင်မာအောင် နဲ့ စိုင်းခိုင်မျိုးထွန်း ဆိုတဲ့ ပုဂ္ဂိုလ်ပါ တွေ့ဆုံရာမှာ ပါဝင်တယ်လို့ ဆိုပါတယ်။
NUG အကြမ်းဖက်အဖွဲ့က ယခုလို ထုတ်ပြန်ထားသည့်တိုင်အောင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အတည်ပြုထုတ်ပြန်ထားခြင်းမျိုး မရှိတဲ့အတွက် အမှန်တကယ် တွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိ မသေချာပါဘူး။ ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ဝင်တွေဟာ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ အတင်းအဓမ္မ လူရာဝင်ချင်နေတာဖြစ်တဲ့အတွက် တွေ့ဆုံမှုမရှိဘဲ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံဖန်တီး ထုတ်ပြန်တာမျိုးလည်း လုပ်လေ့လုပ်ထ ရှိပါတယ်။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန မှာတော့ ဖော်ပြချက် တစ်စုံတစ်ရာ မရှိပါဘူး။
NUG အကြမ်းဖက်အဖွဲ့က ပြည်ပြေး ဝရမ်းပြေးများ ထုတ်ပြန်သကဲ့သို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေကို လက်ခံတွေ့ဆုံခဲ့တယ်ဆိုရင်တော့ ဖိလစ်ပိုင်ဟာ ဒုတိယမြောက် အရှေ့တီမောလို နိုင်ငံမျိုးဖြစ်လာပြီလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ရပ်မျိုး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဘက်က လုပ်ဆောင်ခဲ့သော် မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံးမှတဆင့် ခေါ်ယူသတိပေးရမှာ ဖြစ်ပါတယ်။ အာဆီယံ ရဲ့ အခြေခံစည်းမျဉ်းများနဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေကို တစ်စတစ်စ ပိုမိုဆိုးရွားစွာ လုပ်ဆောင်လာရင်ဖြင့် မြန်မာနိုင်ငံအစိုးရအနေနဲ့က ပြတ်ပြတ်သားသား တုန့်ပြန်ရမှာ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့မှာ အလှည့်ကျဦးဆောင်မှုပုံစံနဲ့ ဆောင်ရွက်နေခြင်းဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရေးအတွက်သာ ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမျိုးလည်း မဟုတ်ပါဘူး။ အာဆီယံအဖွဲ့မှ ထွက်ရေး၊ မထွက်ရေးကတော့ အဓိကမကျပါဘူး။
အာဆီယံ၏ အခြေခံ စည်းမျဉ်း(၆) ရပ် ဆိုသည်မှာ -
၁။ နိုင်ငံအားလုံး၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာညီမျှမှု နယ်မြေပိုင်ဆိုင်မှုနှင့် အမျိုးသားရေး လက္ခဏာများကို အပြန်အလှန်လေးစားရေး၊
၂။ နိုင်ငံတစ်နိုင်ငံ၏ တည်ရှိခွင့်သည် အခြားနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်ခြင်း၊ နိုင်လိုမင်းထက် ပြုခြင်းများ ခြိမ်ခြောက်ခြင်းတို့မှ ကင်းလွတ်စေရန်၊
၃။ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်ခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန်၊
၄။ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်၊
၅။ အာဏာသုံး၍ ခြိမ်းခြောက်မှုများ မပြုလုပ်ရန်၊
၆။ နိုင်ငံအချင်းချင်း ထိထိရောက်ရောက် ပူးပေါင်းကူညီဆောင်ရွက်ရန် တို့ဖြစ်ကြသည်။
ယနေ့ အခင်းအကျင်းမှာတော့ အာဆီယံကို ဦးဆောင်ခွင့်ရတဲ့ နိုင်ငံဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ မလိုလားအပ်တဲ့ နောက်အုပ်စုရဲ့ သြဇာခံများသဖွယ် လုပ်ဆောင်နေတာကို တွေ့ရသလို မြန်မာနိုင်ငံက သဘောတူခွင့်ပြုလို့ အာဆီယံအဖွဲ့ဝင်ဖြစ်လာတဲ့ အရှေ့တီမော ဆိုတဲ့ နိုင်ငံကလည်း အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်။ ဖိလစ်ပိုင်ကလည်း အာဆီယံအခြေခံစည်းမျဉ်းတွေကို အလွန်အကျူးချိုးဖောက်ပြီး မြန်မာနိုင်ငံအတွင်းမှာ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို သေကြောင်းကြံခဲ့တဲ့ အကြမ်းဖက်အဖွဲ့များနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်နေတယ်ဆိုရင်တော့ အစိုးရအနေနဲ့သာမက ပြည်သူတစ်ရပ်လုံးကပါ ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချရမှာ ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment