ဇူလိုင် - ၅ ( တနင်္ဂနွေနေ့ )
အိန္ဒိယရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးအေဂျင်စီ (NIA) က ပြီးခဲ့တဲ့ မတ်လတုန်းက ဖမ်းဆီးခဲ့တဲ့ ယူကရိန်းနိုင်ငံသား ငါးယောက်နဲ့ အမေရိကန်နိုင်ငံသား တစ်ယောက်၊ စုစုပေါင်း ကြေးစားစစ်သား ခြောက်ယောက်ရဲ့ အသံနမူနာတွေကို ကောက်ယူသွားမယ်လို့ သိရပါတယ်။
သူတို့ဟာ နောက်ထပ် ယူကရိန်းနိုင်ငံသားတစ်ယောက်နဲ့အတူ မတ်လတုန်းက အဖမ်းခံခဲ့ရတာဖြစ်ပြီး၊ အားလုံးကတော့ အိမ်နီးချင်း မြန်မာနိုင်ငံထဲက လက်နက်ကိုင်အဖွဲ့တွေကို ကူညီပံ့ပိုးပေးတာ၊ လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးတာတွေလုပ်လို့ ဆိုပြီး တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
အဖမ်းခံရတဲ့ လူခြောက်ယောက်လုံးကို ပြီးခဲ့တဲ့ သောကြာနေ့က တင်းကျပ်တဲ့ လုံခြုံရေးတွေကြားထဲကနေ ဒေလီတရားရုံးတစ်ခုကို ပို့ဆောင်ခဲ့ပြီး၊ လာမယ့် ဩဂုတ်လ ၁ ရက်နေ့အထိ ဆက်ပြီး ထိန်းသိမ်းထားဦးမယ်လို့ သိရပါတယ်။ သူတို့ဘက်ကလည်း အသံနမူနာ အသံသွင်းယူဖို့ သဘောတူခဲ့ကြပါတယ်။
ကျန်နေသေးတဲ့ ယူကရိန်းနိုင်ငံသားတစ်ယောက်ကို စနေနေ့က တရားရုံးတင်စစ်ဆေးပြီး၊ အသံနမူနာ ကောက်ယူမယ့်ရက်ကို တရားရုံးက ဆုံးဖြတ်ပေးခဲ့ပါတယ်။ အိန္ဒိယရဲ့ အဓိက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြစ်တဲ့ "မတရားအသင်းများ တားဆီးကာကွယ်ရေး အက်ဥပဒေ" (UAPA) အရ စုံစမ်းစစ်ဆေးရေးကာလကို ရက်ပေါင်း ၁၈၀ အထိ သက်တမ်းတိုးပေးဖို့လည်း NIA အဖွဲ့က တောင်းဆိုထားပါသေးတယ်။
အခု စုံစမ်းစစ်ဆေးမှုတွေကတော့ အဲဒီကြေးစားစစ်သားတွေဟာ နိုင်ငံခြားသားတွေအတွက် အထူးခွင့်ပြုချက် လိုအပ်တဲ့ အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်ထဲကို တရားမဝင် ဝင်ရောက်လာတဲ့အပြင်၊ အဲဒီကနေတစ်ဆင့် မြန်မာနိုင်ငံဘက်ထဲကိုပါ တရားမဝင် ဆက်လက် ဖြတ်ကျော်ဝင်ရောက်ခဲ့ကြတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် အဓိက ဇောင်းပေး စစ်ဆေးနေတာ ဖြစ်ပါတယ်။
အဖမ်းခံထားရတဲ့ ယူကရိန်းနိုင်ငံသားတွေကတော့ ပီထရိုဟာဘာ၊ တာရပ်စ်ဆလစ်ဗျတ်ခ်၊ အီဗန်ဆွတ်မန် နော့ဗ်စကီး၊ မာရီယန်စတီဖန်ကစ်ဗ်၊ မက်ဆင်ဟွန်ချာရွတ်ခ် နဲ့ ဗစ်တာကမင်စကီး တို့ ဖြစ်ကြပါတယ်။ သူတို့ထဲက သုံးယောက်ကို ဒေလီလေဆိပ်မှာ ဖမ်းမိခဲ့တာဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ လခနောင်းမြို့မှာ NIA က ဖမ်းဆီးခဲ့တာပါ။ အမေရိကန်နိုင်ငံသားဖြစ်တဲ့ မက်သရူး အာရွန် ဗန်ဒိုက် ကိုတော့ ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ကိုးလ်ကတ္တား လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
သူတို့အဖမ်းခံရတဲ့အချိန်တုန်းက ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ "ဒီယူကရိန်းနိုင်ငံသားတွေဟာ အိန္ဒိယ ဒါမှမဟုတ် မြန်မာနိုင်ငံပိုင်နက်ထဲမှာ တရားမဝင်တဲ့ လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားမျိုး မရှိဘူး" ဆိုပြီး သူတို့နိုင်ငံသားတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယနဲ့ ရုရှားသတင်းမီဒီယာတွေကို "ရှိနေတဲ့ အချက်အလက်တွေကို လိုရာဆွဲပြီး ပုံဖျက်ဖော်ပြနေကြတယ်" ဆိုပြီးတော့လည်း စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။
ဒါပေမဲ့ အဲဒီအချိန်တုန်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ အိန္ဒိယထောက်လှမ်းရေးအေဂျင်စီတွေဟာ နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) ဒါမှမဟုတ် ပြည်ပထောက်လှမ်းရေးအဖွဲ့တွေဆီကနေ ရရှိထားတဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ဒီသံသယရှိသူတွေနောက်ကို တောက်လျှောက် နောက်ယောင်ခံ လိုက်နေခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် လာလ်ဒူဟိုးမား က ကိဗ် (ယူကရိန်းအစိုးရ) နဲ့ ပတ်သက်နေတဲ့ အနောက်နိုင်ငံသား ကြေးစားစစ်သား "ထောင်နဲ့ချီ" ဟာ သူ့ရဲ့ပြည်နယ်ကို ဖြတ်ပြီး မြန်မာနိုင်ငံထဲကို ဝင်ရောက်သွားခဲ့ကြတယ်လို့ စွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။
ဒါ့အပြင် မဏိပူရ်ပြည်နယ်ရဲ့ ဝန်ကြီးချုပ် အန်ဘီရန်ဆင်းဂ်ကလည်း ၂၀၂၄ ခုနှစ်တုန်းက ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ မြန်မာနိုင်ငံနဲ့ ဆက်နွှယ်နေတဲ့ တိုက်ခိုက်ရေး အင်အားစုတွေဖြစ်တဲ့ ပြည်ပကြေးစားစစ်သားတွေ ပါဝင်ပတ်သက်နေနိုင်တယ်လို့ အာဏာပိုင်တွေဘက်က သံသယရှိကြောင်း ပြောခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းက နယူးဒေလီ (အိန္ဒိယအစိုးရ) ဟာ သူ့ရဲ့အရှေ့ဘက်အိမ်နီးချင်း (မြန်မာနိုင်ငံ) နဲ့ ထိစပ်နေတဲ့ ၁,၆၄၃ ကီလိုမီတာ (မိုင် ၁,၀၂၀) ရှည်လျားတဲ့ နယ်စပ်တစ်ခုလုံးကို ခြံစည်းရိုးခတ်ပိတ်ပစ်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment