အတိုးနှုန်းတွေ တက်လာလို့ ဂျပန်ကျောင်းသားတွေ အခက်တွေ့နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အတိုးနှုန်းတွေ တက်လာလို့ ဂျပန်ကျောင်းသားတွေ အခက်တွေ့နေ





ဇူလိုင် - ၁၆

ဂျပန်မှာ တက္ကသိုလ်တက်ဖို့ ပညာသင်ဆု ချေးငွေယူထားတဲ့ ကျောင်းသားတွေခမျာ အတိုးနှုန်းတွေ တက်လာလို့ အခက်တွေ့နေကြတယ်။ တချို့ဆိုရင် ပြန်ဆပ်ရမယ့် ငွေက အရင်ကထက် ယန်း ၁ သန်းကျော်လောက် ပိုများသွားနိုင်ပါတယ်။ အခုလို ငွေကြေးဖောင်းပွပြီး ကျောင်းလခတွေ တက်နေတဲ့အချိန်မှာ ချေးငွေပြန်ဆပ်ရမယ့် ဝန်ထုပ်ဝန်ပိုးကပါ ပိုကြီးလာတော့ ကျောင်းပြီးသွားတဲ့သူတွေခမျာ ပိုက်ဆံစုဖို့၊ အိမ်ထောင်ပြုဖို့နဲ့ အနာဂတ်အတွက် တခြားအစီအစဉ်တွေ ဆွဲဖို့တောင် တော်တော်လေး ရုန်းကန်နေရတယ်လို့ ပြောကြတယ်။

ဂျပန်ကျောင်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ (JASSO) ကပေးတဲ့ ပုံသေအတိုးနှုန်းနဲ့ ပညာသင်ဆု အစီအစဉ် အောက်မှာဆိုရင် ၂၀၁၉ ဘဏ္ဍာရေးနှစ်က ကျောင်းပြီးခဲ့တဲ့ ကျောင်းသားတွေအတွက် တစ်နှစ်အတိုးနှုန်းက ၀.၀၇ % ပဲ ရှိခဲ့တာပါ ။ (အခုတော့ အများကြီး တက်သွားပါပြီ)

အဲဒီအတိုးနှုန်းက ၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ ကျောင်းပြီးမယ့်သူတွေအတွက်ကျတော့ ၂.၄၂၃ ရာခိုင်နှုန်းအထိ တရိပ်ရိပ် တက်သွားခဲ့တာ။

ဥပမာပြောရရင် ကျောင်းသားတစ်ယောက်က တစ်လကို ယန်း ၁ သိန်းနှုန်းနဲ့ ၄ နှစ်တိတိ (စုစုပေါင်း ယန်း ၄.၈ သန်း) ချေးပြီး၊ အဲဒီငွေကို အနှစ် ၂၀ ကြာ ပြန်ဆပ်ရမယ်ဆိုပါစို့။ အတိုးနှုန်းတွေ ဒီလောက်ထိ တက်သွားတဲ့အတွက်ကြောင့် အရင်ကထက် ပြန်ဆပ်ရမယ့်ငွေက ယန်း ၁.၂၈ သန်းလောက်ကို ကွာခြားသွားမှာ (ပိုများသွားမှာ) ဖြစ်ပါတယ်။

ပြီးတော့ ကျောင်းသားတွေအတွက် ပိုပြီး စိတ်မအေးရတာတစ်ခုက သူတို့ ကျောင်းပြီးသွားတဲ့အချိန်ကျမှသာ အတိုးနှုန်း ဘယ်လောက်လဲဆိုတာကို အတည်ပြုသတ်မှတ်တာမို့လို့ပါ။ ပိုက်ဆံ စတင်ချေးယူတဲ့အချိန်မှာ သတ်မှတ်တာ မဟုတ်တဲ့အတွက်ကြောင့် နောက်ဆုံးမှာ ကိုယ်တိုင် ဘယ်လောက်ထိ ပြန်ဆပ်ရမလဲဆိုတာကို အစောကြီးကတည်းက သေချာရေရာစွာ မသိနိုင်ကြရှာပါဘူး။

ပညာရေးလူမှုဗေဒ အထူးပြုလေ့လာသူ တစ်ဦးဖြစ်တဲ့ မူဆာရှီတက္ကသိုလ် က ပရော်ဖက်ဆာ ဟီရိုကာဇူ အိုအူချီ က အခုလို သုံးသပ်ထားပါတယ်။ "ဒီနှစ်နွေဦးမှာ ကျောင်းပြီးသွားတဲ့ကလေးတွေဆိုရင် သူတို့တက္ကသိုလ်တက်နေတဲ့ နှစ်တွေအတွင်းမှာတင် အတိုးနှုန်းတွေ တရိပ်ရိပ်တက်လာတာကို ကြုံတွေ့ခဲ့ကြရတာပါ။  အဲဒီတော့ အတိုးတွေ ပိုပေးရတဲ့ကိစ္စအတွက် ‘ဒါ သူတို့တာဝန်ပဲ၊ သူတို့ဘာသာ တာဝန်ယူရမယ်’ လို့ ပြောလိုက်ဖို့ကတော့ ကလေးတွေအပေါ် တော်တော်လေးကို ရက်စက်လွန်းရာ ကျပါတယ်။ အဓိကပြဿနာက ဘာလဲဆိုရင်... ချေးငွေတွေကို ဆက်ပြီး ပြန်ဆပ်နေရတဲ့ လူငယ်အများစုဟာ သူတို့ရဲ့ အနာဂတ်အတွက် ဘာအစီအစဉ်မှ မဆွဲနိုင်ကြတော့တာပါပဲ ။ အခုဆို အတိုးနှုန်းတက်လာတဲ့ ဆိုးကျိုးသက်ရောက်မှုတွေက တကယ့်ကို သိသိသာသာ စပြီး ပေါ်လာတော့မှာပါ။ ဒါကြောင့် သူတို့ကို ချက်ချင်း ကူညီပေးမယ့် ပံ့ပိုးကူညီမှု အစီအမံတွေ အရေးတကြီး လိုအပ်နေပါပြီ" လို့ ဆိုပါတယ်။ 


REF: The Nation

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)