မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ပေါင်မြို့နယ် ကဒါရပ်ကွက်ရှိ လေဘေးသင့်သည့်နေရာအား သွားရောက်ကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ပေါင်မြို့နယ် ကဒါရပ်ကွက်ရှိ လေဘေးသင့်သည့်နေရာအား သွားရောက်ကြည့်ရှု





ပေါင်၊ ဇူလိုင်  ၆

‌ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်မြို့နယ် ကဒါရပ်ကွက် ၌ ဇူလိုင်လ ၅ရက်နေ့၊ ညပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် သာသနိက အဆောက်အအုံ၊ အခြေခံပညာမူလတန်းကျောင်းနှင့် လူနေအိမ် အချို့ ပျက်စီးဆုံးရှုံးမှု တို့အား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊လျှပ်စစ်ဝန်ထမ်းများရပ်မိရပ်ဖများက ပြိုလဲသစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ပြိုလဲလျှပ်စစ်မီးတိုင်များ၊ အိမ်ခေါင်မိုးလန်နေအိမ်များကူညီဆောင်ရွက်နေမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လေဘေးသင့်ပြည်သူများ၏ နေအိမ်များ အမြန်ဆုံး ပြန်လည် ပြုပြင်ဆောင်ရွက်နိုင်ရေး၊ ဘေးသင့်သူများအားကူညီ ထောက်ပံ့နိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပြီး လေဘေးသင့်ပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံ အားပေးစကားများပြောကြားခဲ့ကာ လိုအပ်သည်များကိုတာဝန်ရှိသူများအားမှာကြား၍ပေါင်းစပ် ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


မွန်မလေး 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)