ကူမင်း၊ ဇူလိုင် ၁၄
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၆) နှစ်မြောက်အထိမ်းအမှတ် မြန်မာ-တရုတ် နှစ်ဘာသာဖြင့် သီချင်းဆိုပြိုင်ပွဲကို မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့နှင့် ယူနန်တိုင်းရင်းသားတက္ကသိုလ် (Yunnan Minzu University) တို့ပူးတွဲ၍ ၁၃-၇-၂၀၂၆ ရက်က ကူမင်းမြို့ရှိ ယူနန်တိုင်းရင်းသားတက္ကသိုလ်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ သီချင်းဆိုပြိုင်ပွဲအခမ်းအနား၌ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့် ယူနန်တိုင်းရင်းသားတက္ကသိုလ် ဒုတိယပါမောက္ခချုပ် မစ္စတာရှောင်ဝေချင့်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်လဲလှယ်ခဲ့ကြသည်။
အဆိုပါ သီချင်းဆိုပြိုင်ပွဲတွင် မြန်မာဘာသာအထူးပြု တရုတ်နိုင်ငံသား ကျောင်းသားကျောင်းသူများက မြန်မာတေးသီချင်းများကိုလည်းကောင်း၊ တရုတ်ဘာသာစကား လေ့လာနေကြသည့် မြန်မာနိုင်ငံသား ကျောင်းသားကျောင်းသူများက တရုတ်တေးသီချင်းများကိုလည်းကောင်း အသီးသီး သီဆိုယှဉ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသားကျောင်းသူများကို မြန်မာကောင်စစ်ဝန်ချုပ်က ဆုများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့သည်။
#MNP #News



No comments:
Post a Comment