လူမျိုးအမည် အခေါ် အဝေါ်အရေးအသားများ တိကျမှန်ကန်စွာ သတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရှင်းလင်းပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

လူမျိုးအမည် အခေါ် အဝေါ်အရေးအသားများ တိကျမှန်ကန်စွာ သတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ရှင်းလင်းပြောကြား



နေပြည်တော်၊ ဇူလိုင် ၁၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ချင်းပြည်သစ် ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးစိုးထက် (ခေါ်) ဆလိုင်းမဲလုနှင့်အဖွဲ့အား ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက လူမျိုးအမည် အခေါ် အဝေါ်အရေးအသားများ တိကျမှန်ကန်စွာ သတ်မှတ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များ၊ ယင်းသို့ ဆောင်ရွက်ရာတွင် ဝန်ကြီးဌာနအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီဆောင်ရွက်ပေးမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ချင်းပြည်သစ် ကွန်ဂရက်ပါတီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများက ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ချင်းနှင့်ရခိုင်မျိုးနွယ်စုအတွင်း လူမျိုးအမည်၊ အခေါ်အဝေါ် အသုံးအနှုန်းများ ကွဲလွဲနေမှုနှင့် မှန်ကန်စွာ သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များရှိပါက ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ချင်းပြည်သစ်ကွန်ဂရက်ပါတီဥက္ကဋ္ဌနှင့်အတူ ခူမီးအမျိုးသားပါတီနှင့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ဒုတိယဥက္ကဋ္ဌများ၊ စာပေနှင့်ယဉ်ကျေးမှုကော်မတီနှင့် လူမှုရေးအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)