မြောက်ဥက္ကလာပ၊ ဇူလိုင် ၂၇
ရန်ကုန်တိုင်း ဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ သမဝါယမအသင်းမှ အများပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ကြက်ဥများအား ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ မြို့နယ်သမဝါယမအသင်းစုလိမီတက်၏ ကုန်မျိုးစုံဆိုင်တွင် ရောင်းချပေးလျက်ရှိသည်။
ထို့သို့ ရောင်းချ ပေးရာတွင် မြို့နယ်သမဝါယမအသင်းစုလိမီတက်အသင်းမှ အများ ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ကြက်ဥများ ဝယ်ယူနိုင် ရေးအတွက် ကြက်ခြံများမှ သွားရောက်၍ ကြက်ဥများအား ဝယ်ယူကာ မြို့နယ်အတွင်းရှိ ပြည်သူများအား ကြက်ဥ တစ်လုံးလျှင် ၅၅၀ ကျပ်နှုန်းဖြင့် ကြက်ဥ အလုံးရေ ၁၂၀၀၀ လုံးအား ရောင်းချ ပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မည်သူမဆို လိုအပ်သလောက် ဝယ်ယူနိုင်ရေးအတွက် တာဝန်ရှိသူများက စနစ်တကျ ဖြန့်ဝေ ရောင်းချပေးလျက်ရှိ ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်သမဝါယမအသင်း အနေဖြင့် ဒေသခံပြည်သူများအား ဒေသထွက် ပစ္စည်းများ ၊ စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းများကိုလည်း သက်သာသော ဈေးနှုန်းဖြင့် မြို့နယ်သမဝါယမအသင်းစုလိမီတက် ဆန် ၊ ဆီ နှင့် အခြားကုန်မျိုးစုံ အရောင်းဆိုင်တွင် ရောင်းချ ပေးလျက်ရှိ ကြောင်းသိရသည်။
သက်လွင်စိုး
#MNP #News



No comments:
Post a Comment