မိုင်းနားအခြေပြု ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းအား ဆွတ်ဘွမ်ကုမ္ပဏီပိုင် ကုန်ချိန်းကွင်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်သွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းနားအခြေပြု ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းအား ဆွတ်ဘွမ်ကုမ္ပဏီပိုင် ကုန်ချိန်းကွင်းအတွင်း ပြောင်းရွှေ့ဖွင့်လှစ်သွားမည်


မြစ်ကြီးနား၊ ဇူလိုင် ၂၇

ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်သည် ဒေသတွင်းထွက်ရှိသော တစ်သျှူးငှက်ပျောအပါအဝင် အခြားသီးနှံများအား တရုတ်နိုင်ငံသို့ တင်ပို့ရာ အဓိကကုန်သွယ်ရေးလမ်းကြောင်းတစ်ခု ဖြစ်သည်။ နယ်စပ်ကုန်စည်စီးဆင်းမှုများ အရှိန်အဟုန်မပျက် စီးဆင်းနိုင်ရေး၊ နိုင်ငံတော်မှရသင့်သည့် အခွန်အခများရရှိရေး၊ တရားမဝင် ကုန်စည်စီးဆင်းမှုများ ပပျောက်စေရေးအတွက် စနစ်တကျဖြင့် လုပ်ငန်းများ လည်ပတ်နိုင်ရန် ဆွတ်ဘွမ်ကုမ္ပဏီပိုင် ကုန်ချိန်းကွင်း၌ ပြောင်းရွှေ့ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားအခြေပြု ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းအား မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ဆွတ်ဘွမ်ကုမ္ပဏီပိုင်ခြံဝင်းအတွင်း စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းဆောင်ရွက်နေကြသည့် အသင်း/ အဖွဲ့ များမှ တာဝန်ရှိသူများနှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းကို မိုင်းနားအခြေပြု နယ်စပ်ကုန်သွယ်ရေးစခန်းအဖြစ် ရွှေမိုးတောင်ခြေတွင် ယာယီစစ်ဆေးရေးရုံး ဖွင့်လှစ်၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိသော်လည်း ယခုအခါ မိုင်းနားကျေးရွာ-ဝေပါကျေးရွာ-ဝါရှောင်ကျေးရွာ ၁၃ ကီလိုသွားလမ်း မကြီးဘေးတွင်တည်ရှိပြီး ကုန်စည်စစ်ဆေးကြပ်မတ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်သော မြေဧရိယာငါးဧကကျော် အကျယ်အဝန်းရှိသည့် ဆွတ်ဘွမ်ကုမ္ပဏီပိုင် ကုန်ချိန်းကွင်းနေရာတွင် ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းသည် လတ်တလော မြေပြိုလမ်းပိတ်ဆို့မှုများကြောင့် ခေတ္တရပ်တန့်နေကြောင်း သိရသည်။

ဆွေးနွေးပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုင်းနားကျေးရွာအုပ်စု လဝမ်(LBC) နှစ်ခြင်းအသင်းတော်ပိုင် သြော်က်ဟိဒ်ခန်းမ၌ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ဗန်း‌မော်၊ ချီဖွေမြို့နယ်များမှ အဆိုပါကျေးရွာအုပ်စုအတွင်းရှိ မိုင်းနား၊ ဂွေထု၊ မခေါယန်စသည့် ကျေးရွာများတွင် စခန်းများဖွင့်လှစ်၍ နေထိုင်လျက်ရှိသော ယာယီတိမ်းရှောင်ပြည်သူများနှင့် သွားရောက်တွေ့ဆုံပြီး ယာယီတိမ်းရှောင်စခန်းခုနစ်ခုမှ အိမ်ထောင်စု ၃၂၃ စု၊ လူဦးရေ ၁၆၂၅ ဦးအတွက် တစ်အိမ်ထောင်လျှင် ဆန် ၂၄ ပြည်ပါအိတ် တစ်အိတ်နှုန်းဖြင့် စုစုပေါင်း ဆန်အိတ် ၃၂၃ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)