မိုးကောင်း၊ ဇူလိုင် ၈
ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် မိုးကောင်းမြို့မှပြည်သူများနှင့် ဇူလိုင်(၇)ရက်တွင် နမ္မတီးမြို့တော်ခန်းမ၌ နံနက်(၉)နာရီခွဲတွင် တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲတွင် ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးက အမှာစကားပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးမျိုးထိုက်နှင့် ဦးနေလင်းစိုးတို့က လွှတ်တော်အတွေ့အကြုံများကိုရှင်းလင်းသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ဖြေရှင်းသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နမ္မတီးမြို့ရပ်ကွက်တွင်းရှိ ကျောက်ချောလမ်း ခင်းကျင်းထားရှိမှုနှင့် နမ္မတီးမြို့အဝင်၌ WE LOVE NAMATEE ဆိုင်းဘုတ်ထားရှိမည့်နေရာနှင့် မြို့သစ်ကြီးရပ်ကွက်ရှီ ချောင်းကူးကြိုးတံတားအခြေအနေ၏ လိုအပ်ချက်များအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး မြတောင်ကျေးရွာ ပြည်သူများအား တွေ့ဆုံခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး
#MNP #News




No comments:
Post a Comment