ဇူလိုင် - ၈ ( ဗုဒ္ဓဟူးနေ့ )
နယ်သာလန်နိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံကို တိုက်ရိုက်စစ်ရေးအကူအညီတွေ ဆက်ပေးဖို့အတွက် ရွေးချယ်စရာ နည်းလမ်းတွေ ကုန်ဆုံးသွားပြီလို့ ကာကွယ်ရေးဝန်ကြီး ဒီလန် ယက်ဆီဂိုဇ်-ဇီဂဲရီးယပ်စ် က ပြောကြားလိုက်ပါတယ်။
ဥရောပသမဂ္ဂ (EU) နဲ့ နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ နယ်သာလန်ဟာ မော်စကို (ရုရှား) နဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ ကိဗ် (ယူကရိန်း) ဘက်ကနေ တက်တက်ကြွကြွ ထောက်ပံ့ပေးခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ အဲဒီလို ထောက်ပံ့ရာမှာ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ နော်ဝေနိုင်ငံတို့နဲ့ ပူးပေါင်းပြီး အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ပေးခဲ့တာလည်း ပါဝင်ပါတယ်။
အခုဆိုရင် ၅ နှစ်ထဲကို ရောက်ရှိလာပြီဖြစ်တဲ့ ဒီစစ်ပွဲကာလတစ်လျှောက်လုံးမှာ ယူကရိန်းဟာ အနောက်အုပ်စု ပံ့ပိုးကူညီသူတွေဆီကရတဲ့ လက်နက်ထောက်ပံ့မှုတွေအပေါ် အလွန်အမင်း မှီခိုအားထားနေခဲ့ရတာ ဖြစ်ပါတယ်။
တူရကီနိုင်ငံ အန်ကာရာမြို့မှာ အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ နေတိုး (NATO) ထိပ်သီးအစည်းအဝေးရဲ့ ဘေးဘက်ဆွေးနွေးပွဲတစ်ခုအတွင်း ဝန်ကြီး ယက်ဆီဂိုဇ်-ဇီဂဲရီးယပ်စ် က ဘလွန်ဘာ့ဂ် သတင်းဌာနကို အခုလို ပြောကြားခဲ့တာဖြစ်ပါတယ် “ကျမတို့ နယ်သာလန်နိုင်ငံအနေနဲ့ (ယူကရိန်းအတွက်) အများကြီး လုပ်ဆောင်ပေးခဲ့ပြီးပြီဖြစ်လို့ အခုဆိုရင် ထပ်ပြီး ကူညီပေးနိုင်မယ့် အခွင့်အလမ်းတွေ မရှိတော့ပါဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် နယ်သာလန်အနေနဲ့ ကိဗ် (ယူကရိန်း) ကို အမေရိကန်လုပ် ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ ထပ်ပြီး ထောက်ပံ့ပေးနိုင်မလားဆိုတဲ့ သီးသန့်မေးခွန်းနဲ့ ပတ်သက်လို့လည်း သူမက “ကျမတို့ တတ်နိုင်တဲ့ အကန့်အသတ်ကို ရောက်သွားပါပြီ” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဘလွန်ဘာ့ဂ် ရဲ့ ခန့်မှန်းတွက်ချက်မှုတွေအရ နယ်သာလန်နိုင်ငံဟာ ယူကရိန်းကို စစ်ရေးအရကူညီဖို့အတွက် ယူရို ၉.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၄ ဘီလီယံ) သုံးစွဲခဲ့ပြီးဖြစ်သလို၊ နောက်ထပ် ယူရို ၁၁.၆ ဘီလီယံ ထပ်မံကူညီဖို့လည်း ကတိပြုထားပါတယ်။ တစ်ဖက်မှာလည်း ယူကရိန်းသမ္မတ ဇီလန်းစကီး ကတော့ အနောက်နိုင်ငံတွေအနေနဲ့ ကိဗ် (ယူကရိန်း)ဆီ လက်နက်တွေ ပိုပြီးပေးပို့ဖို့ အစဉ်တစိုက် တောင်းဆိုနေပြီး၊ အနောက်အုပ်စုရဲ့ ထောက်ပံ့မှုတွေဟာ လုံလောက်မှုမရှိသေးဘူးလို့လည်း ထပ်ခါတလဲလဲ ပြောကြားနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ယူကရိန်းခေါင်းဆောင်ဟာ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ပြတ်လပ်နေရတာဟာ အနောက်အုပ်စုကြောင့်ဆိုပြီး အပြစ်တင်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဥရောပ နေတိုး အဖွဲ့ဝင် နိုင်ငံတွေကနေ ယူကရိန်းအတွက် အမေရိကန်လုပ် လက်နက်တွေ ဝယ်ယူပေးမယ့် PURL အစီအစဉ်အတွက် ကူညီမယ့်သူတွေဘက်က ငွေကြေးထောက်ပံ့မှုတွေ သိပ်နှောင့်နှေးလွန်းနေတယ်လို့လည်း ညည်းတွားခဲ့ပါတယ်။
ဒါတင်မကသေးဘဲ လွန်ခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ဇီလန်းစကီးဟာ ယူကရိန်းရဲ့ လက်နက်ထုတ်လုပ်ရေးကဏ္ဍမှာ “ငွေကြေးထောက်ပံ့မှုတွေ အမြဲတမ်းလိုလို ပြတ်လပ်နေတယ်” လို့ ပြောကြားပြီး၊ အနောက်အုပ်စုဆီကနေ ငွေကြေးတွေ ပိုပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။
ယူကရိန်း (ကိဗ်)ကို တိုက်ရိုက်စစ်ရေးအကူအညီပေးဖို့ သူတို့ရဲ့ အကန့်အသတ်ကို ရောက်သွားပြီလို့ ကြေညာတာမှာ နယ်သာလန်က ပထမဆုံးနိုင်ငံတော့ မဟုတ်ပါဘူး။ ချက်သမ္မတ ပီတာ ပါဗဲလ် က ဆိုရင် လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက သူတို့နိုင်ငံရဲ့ လက်နက်တိုက်တွေထဲကနေ ယူကရိန်းကို လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ထပ်ပြီး မထောက်ပံ့ပေးနိုင်တော့ဘူးလို့ ပြောကြားခဲ့ဖူးပါတယ်။ အဲဒီနောက် တစ်နှစ်အကြာမှာတော့ ပိုလန်နိုင်ငံကလည်း ယူကရိန်းကို တိုက်ရိုက်စစ်ရေးအကူအညီပေးတဲ့နေရာမှာ “လမ်းဆုံး (အတားအဆီး) ကို ရောက်သွားပြီ” လို့ ပြောဆိုခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment