CRPH, NUG ရှုံးသွားပြီးဆိုတာ ကျော်ထွေးနဲ့ အောင်ကြည်ညွန့် ထုတ်တဲ့စာ က လူသိရှင်ကြား ဝန်ခံတဲ့စာဖြစ်ကြောင်း အကြမ်းဖက်သမား ကျော်မြင့်ဦး ပြင်းပြင်းထန်ထန် ဝေဖန် - Myanmar National Post

Myanmar National Post

News Agency

Breaking

CRPH, NUG ရှုံးသွားပြီးဆိုတာ ကျော်ထွေးနဲ့ အောင်ကြည်ညွန့် ထုတ်တဲ့စာ က လူသိရှင်ကြား ဝန်ခံတဲ့စာဖြစ်ကြောင်း အကြမ်းဖက်သမား ကျော်မြင့်ဦး ပြင်းပြင်းထန်ထန် ဝေဖန်




CRPH, NUG ရှုံးသွားပြီးဆိုတာ ကျော်ထွေးနဲ့ အောင်ကြည်ညွန့် ထုတ်တဲ့စာ က လူသိရှင်ကြား ဝန်ခံတဲ့စာဖြစ်ကြောင်း NLD ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း လက်ရှိ အကြမ်းဖက်သမား ဖြစ်နေတဲ့ ကျော်မြင့်ဦး ပြောဆိုလိုက်ပါတယ်။

အကြမ်းဖက်သမား ကျော်မြင့်ဦး က "ကျော်ထွေးနဲ့ အောင်ကြည်ညွန့် ထုတ်တဲ့စာ ကို အငြင်းပွါးနေကြတာ၊ ပွါးမနေနဲ့ ဘာမှ မဟုတ်ဘူး၊ ဘာသာပြန်နေကြတာ ရှုံးသွားပြီ။ ဘာ့ကြောင့်ပြောလဲဆိုတော့ ကျန်တဲ့သူတွေက အရုပ်တွေ။ အောင်မြေသာဇံက cc ဦးငြိမ်းသစ်ကိုယ်တိုင်ပြောထားတယ် cwc က လူတွေတောင် အကုန်မသိဘူးတဲ့။ သိသိမသိသိ ပြောချင်တာက ဒါကိုမဟုတ်ပါ။ စာက ရှင်းရှင်းလေးရယ်၊ စကစ ရေ ငါတို့ ရှုံးသွားပြီးဆိုတာ လူသိရှင်ကြား ဝန်ခံတဲ့စာ၊ အောက်ခြေမှာ ဖြစ်ချင်တိုင်း ဖြစ်ပျက်ခဲ့တဲ့ စစ်တပ်နဲ့အပြိုင် ပြည်သူအပေါ်ကျူးလွန်ခဲ့ ရာဇဝတ်မှုတွေကို ခေါင်းရှောင် ဖို့ အစပျိုးကြတာ၊ သူတို့က ပါတီဆိုဒ်က လက်နက်ကိုင်နဲ့ မဆိုင်ပါဘူးပေါ့၊ Nug ကို အတည်ပြုပေးထားတဲ့ CRPH ဥက္ကဌ အောင်ကြည်ညွန့်က cwc ခေါင်းဆောင်၊ ပကဖ ခေါင်းဆောင် ရည်မွန့်အောက်က ဇီးကုန်းအမတ်က cwc အဖွဲ့ ဝင်၊ ဒါကို လက်နက်ကိုင်က သူတို့နဲ့ မဆိုင်ပါဘူး လုပ်ချင်သေးတာ၊ ဖါကျ တဲ့ အတွေးအခေါ် ခေါ်တယ်၊ သတ္တိရှိရှိလက်နက်ကိုင် လမ်းစဉ်သွားတယ်ပေါ့၊ ဘာလည်း အ ခြားနည်းဆိုတာက၊ ရှုံးနေပြီလေ၊ ကြိုးကွင်းတွေလည်းမြင်နေရတော့ စတင်ရှောင်ဖို့ အကွက်ပြင်ကြတာ၊ မင်းတို့အားလုံးမှာ တာဝန်ရှိတယ်၊ မင်းတို့ လူထု ကို တောင်းပန်ရမယ်" လို့ အကြမ်းဖက်သမား ကျော်မြင့်ဦး က ပြောဆိုလိုက်ပါတယ်။

အကြောင်းကတော့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၀)  ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ ထုတ်ပြတ်တဲ့စာ အပိုဒ် (၇)မှာ "အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းများဖြင့်သာ ဖြေရှင်းရမည်ဟု ယုံကြည်ထားပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာရေးမူကိုသာ အစဉ်အမြဲ ကိုင်စွဲထားပါသည်" ဆိုတဲ့ ထုတ်ပြန်ချက်ဟာ အကြမ်းဖက်လှုပ်ရှားမှု မအောင်မြင်လို့ လေသံပြောင်းလာခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ပြောဆိုထားပါတယ်။

ဒီကြေညာချက်အပေါ်မှာ လက်ရှိ အကြမ်းဖက်သမားအဖြစ် ဦးဆောင်နေတဲ့ ကျော်မြင့်ဦး က "နောက်တခုက မင်းတို့ nld ပါတီကို ကိုယ်စားပြု မဟုတ်ကြောင်း ကိုယ်ဘာသာ ဝန်ခံရမယ်၊ စစ်တပ်က ခေါ်ရင် ဆွေးနွေးမယ်၊ ပြည်တွင်းပြန်ဝင်မယ်၊ လူတွေက ထင်နေကြတယ်၊ စစ်တပ်က မခေါ်ဘူး ဆိုတာ သူတို့သိတယ်။ သူတို့လည်းပြည်တွင်း ဘယ်တော့မှ မလာတော့ဘူး။ မသေမချင်း ပြည်ပမှာနေပြီး ပြည်တွင်းက လူငယ်တွေကို သင်းသတ်ကြအုန်းမှာ။ နိုင်းကျဉ်းအကြောင်းပြ အလှူခံ စစ်ဘေးရှောင် အကြောင်းပြ အလှူခံ အထုတ်ပိုက်ပြီး စားကြရင်း တဖြေးဖြေး ဖိတ်အောက်လုပ်သွားကြမှာ၊ ပါတီကို မြေပေါ်ပါတီအဖြစ် ပြန်ရပ်တည်ချင်ရင် ပြည်တွင်းအမာခံတွေနဲ့ နယ်စပ်က ပါတီဝင်တွေ cwc ဟာ nld ကိုယ်စားမပြုကြောင်းသီးခြား ရပ်နိုင်အောင်လုပ်ဖို့ လိုတယ်။ ဦးဝင်းမြင့် တခုခု ထွက်ပြောဖို့ အချိန်ကြပြီ၊ လက်နက်ကိုင်ဆက်သွားချင်တဲ့သူတွေ ဘာလုပ်ရမလဲ သေချာစဉ်းစားဖို့ အချိန်တန်ပြီ။ ဒီစာနဲ့ ပတ်သက်လို့ nld ကို ဝိုင်းဆဲနေကြလို့ပါ" လို့ ပြောဆိုထားပါတယ်။

ကျော်မြင့်ဦး ရဲ့ တင်ပြချက်မှာကတော့ "တချက်ပဲ cwc ဟာ nld ကို ကိုယ်စားမပြုဘူးဆိုတာ ဦးဝင်းမြင့် ထွက်ပြောဖို့ လိုတယ်။ ကိုယ်လက်ထက်မှ ဘာမှ မစွမ်းနိုင်တော့ရင် ပါတီကိုတော့ ရှင်သန်အောင် လုပ်ခဲ့ပေးဖို့လိုတယ်။ သတ်ချင်လည်းသတ် လက်မှတ်မထိုးပေးနိုင်ဘူးလို့ စစ်တပ်ကိုပြောခဲ့သူက ကျော်ထွေး၊ ကြောက်တာလား ထောင်ထဲ ပြန်ရောက်သွားမှာ ကြောက်တာလား၊ ကိုယ်စခဲ့တဲ့ ဇာတ်ကို ပြီးအောင်ကခဲ့ကြလေ၊ ကျော်ထွေးကို အာဏာမသိမ်းခင်က ရင်ကြားစေ့နည်း တွေ့ဆုံဆွေးနွေးနည်း မသင်ပေးလိုက်ရဘူးလား၊ အနှစ်ချုပ်ပြောရင် ရှုံးပြီးလို့ သူတို့ တိုင်းပြည်ကို တရားဝင်ကြေညာတယ်ခေါ်တယ်" ဟု ပြောဆိုထားပါတယ်။

ကျော်မြင့်ဦးဟာ အကြမ်းဖက်လှုပ်ရှားမှုကာလအတွင်း အကြမ်းဖက်လုပ်ရပ်များကို ဦးဆောင်စီမံလျက်ရှိပြီး လယ်ဝေးမြို့ပေါ် ဗုံးပေါက်ကွဲမှုများတွင် ၎င်းနှင့် ပတ်သက်သူများက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။


#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)