ဇူလိုင် - ၂၆ ( တနင်္ဂနွေနေ့ )
အိန္ဒိယ ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဓာန် ဟာ နယူးဒေလီနဲ့ နိုင်ငံတစ်ဝန်း လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ရက်သတ္တပတ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပြီးနောက် စနေနေ့မှာ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ အဓိကအားဖြင့် လူငယ်တွေပါဝင်တဲ့ ဆန္ဒပြသူတွေဟာ ကျောင်းသား ဒါဇင်ပေါင်းများစွာကို သေကြောင်း ကြံစည်မှုဆီ တွန်းပို့ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ စာမေးပွဲမေးခွန်း ပေါက်ကြားမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝန်ကြီးနှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
ပရာဓာန်က သူ့ရဲ့ နှုတ်ထွက်ကြောင်းကြေညာချက်ကို ဝန်ကြီးချုပ် နရင်ဒရာ မိုဒီထံ ပေးပို့တဲ့ ဟိန္ဒီဘာသာနဲ့ ရေးသားထားတဲ့ ပေးစာနဲ့အတူ အိတ်စ် ဆိုရှယ်မီဒီယာ(တွစ်တာ) ပေါ်မှာ တင်ခဲ့ပါတယ်။ အဆိုပါစာထဲမှာ သူက အိန္ဒိယလူငယ်တွေကို "ဒီနိုင်ငံရဲ့ စစ်မှန်တဲ့ အင်အား" လို့ တင်စားဖော်ပြခဲ့ပါတယ်။
"ကျနော်တို့ဟာ လူငယ်တွေရဲ့ မျှော်မှန်းချက်၊ အိမ်မက်နဲ့ မျှော်လင့်ချက်တွေကို အမြဲတမ်း လေးလေးနက်နက် လေးစားခဲ့ပါတယ်။ သူတို့ဟာ အိန္ဒိယရဲ့ အနာဂတ် ဖြစ်ရုံတင်မကဘဲ သစ်လွင်ဖွံ့ဖြိုးတိုးတက်တဲ့ အိန္ဒိယနိုင်ငံတော်ကို ဦးဆောင်မယ့်သူတွေ၊ တည်ဆောက်မယ့်သူတွေနဲ့ ဗိသုကာပညာရှင်တွေလည်း ဖြစ်ပါတယ်" လို့ သူက ရေးသားခဲ့ပါတယ်။
ဆက်လက်ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး “နိုင်ငံတော်ဆန့်ကျင်ရေး အင်အားစုတွေ” အနေနဲ့ “ဒီအခြေအနေကို အခွင့်ကောင်း မယူနိုင်အောင်” ရာထူးကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရာထူးကနေ နှုတ်ထွက်မှုဟာ ဆန္ဒပြပွဲတွေကို ဦးဆောင်နေတဲ့ တရားဝင်မဟုတ်တဲ့ လှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်တဲ့ ပိုးဟတ်ဂျန်တာ ပါတီ (CJP) ရဲ့ ကိုယ်စားလှယ်တွေ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ပရာဓာန် နှုတ်ထွက်ပေးရေး၊ ပညာရေးကဏ္ဍနဲ့ စာမေးပွဲစနစ် လုံးဝပြုပြင်ပြောင်းလဲရေးတို့ အပါအဝင် သူတို့ရဲ့ အဓိကတောင်းဆိုချက်တွေကို ဆွေးနွေးခဲ့အပြီး တစ်ရက်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
နှုတ်ထွက်ကြောင်း ကြေညာပြီးနောက် ဆန္ဒပြခေါင်းဆောင်တွေဟာ သူတို့ရဲ့ ကျန်ရှိနေတဲ့ အဓိက တောင်းဆိုချက် ၂ ခုဖြစ်တဲ့ သေကြောင်းကြံစည်သွားခဲ့တဲ့ ကျောင်းသားမိသားစုတွေကို လျော်ကြေးပေးရေးနဲ့ ဇူလိုင် ၂၀ ရက်က ဆန္ဒပြပွဲကို အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့ ရဲတပ်ဖွဲ့အပေါ် အရေးယူပေးရေးတို့ကို ဆက်လက် တောင်းဆိုသွားမယ်လို့ စတင်ပြောဆိုခဲ့ကြပါတယ်။
ဒါပေမဲ့ နာရီပိုင်းအကြာမှာတော့ ဆန္ဒပြပွဲကို "ချက်ချင်းရပ်ဆိုင်းလိုက်ပြီ" ဖြစ်ကြောင်း ကြေညာခဲ့ကြပြီး ထောက်ခံသူတွေကိုလည်း ဂျန်တာ မန်တာ ဆန္ဒပြနေရာကနေ ထွက်ခွာကာ အိမ်ပြန်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment